ဟားခါးမြို့နယ်ရှိ ကျေးရွာတစ်ရွာအား စစ်ကောင်စီမှ ဝင်ရောက်စီးနင်း၊ ပစ္စည်းတွေပါယူ

ဟားခါးမြို့နယ်ရှိ ကျေးရွာတစ်ရွာအား စစ်ကောင်စီမှ ဝင်ရောက်စီးနင်း၊ ပစ္စည်းတွေပါယူ

ဟားခါးမြို့နယ်ရှိ ကျေးရွာတစ်ရွာအား စစ်ကောင်စီမှ ဝင်ရောက်စီးနင်းပြီး ဒေသခံတို့၏ ပစ္စည်းတွေပါ ယူဆောင်သွားကြကာ ယနေ့တိုင် စစ်ကောင်စီတပ်မှ တပ်စွဲထားခြင်းကြောင့် ကျေးရွာလူထုအနေဖြင့် အိမ်မပြန်ရဲသေးကြောင်း ကျေးရွာဒေသခံတစ်ဦးထံမှ သိရသည်။

“ကျွန်တော်တို့ရွာကို သူတို့စဝင်လာတဲ့နေ့က အခု ဇွန်လ ၂ ရက်နေ့ဖြစ်တယ်၊ သော့ခတ်ထားတဲ့အိမ်တွေကို သူတို့အကုန်လုံးဖျက်ပြီးတော့ အိမ်ထဲမှာရှိတဲ့ သုံးလို့ရတဲ့ဟာတွေ ဘတ်ထရီက ၁ဝ လုံးလောက်ထင်တယ်၊ ဆိုလာပြားက ၅ ခု၊ တီဗီ၊ မီးစက်ကတစ်လုံး၊ ပြီးရင် နည်းနည်းတန်ဖိုးရှိတဲ့ ဟာတွေပေါ့၊ အဝတ်အစားတွေပါ သူတို့အကုန်လုံးယူတယ်"

"ကျွန်တော်တို့ရွာ အိမ်ခြေက ၅ဝ လောက်ရှိတယ်၊ ရွာခံလူဦးရေက ၂၈၀ လောက်ရှိမယ်၊ ကျွန်တော်တို့အကုန်လုံး ရွာကိုစွန့်ပြီးတော့ တောခိုနေကြတယ်။ ကျွန်တော်တို့ဘက်ကနေတော့ ခုခံတာတို့ဘာတို့တော့ မရှိပါဘူး၊ ဘာလို့လည်းဆိုတော့ ဘာမှလည်းမရှိဘူးလေ၊ ကျွန်တော်တို့မှာ။ သူတို့ဝင်လာတော့မယ်ဆိုတာနဲ့ ကျွန်တော်တို့ ရွာထဲမှာမရှိကြတော့ဘူး၊ သူတို့ ဆိုရ်ခွားမှာ သောင်းကျန်းတယ်ဆိုတာသိသိချင်း ရွာကနေ ထွက်ခွာလာကြတာဖြစ်တယ်၊ အခြေနေကောင်းလို့ ဖြစ်နိုင်မယ်ဆိုရင် ကျွန်တော်တို့ကတော့ ရွာကိုပြန်သွားချင်ပါတယ်၊ ဘာလို့လည်းဆိုတော့ ခုက မိုးတွင်းလည်းဖြစ်တယ်၊ တောထဲမှာလည်းနေရတယ်၊ နောက်ကြာလာရင် စားဖို့သောက်ဖို့အတွက်ပါ စဉ်းစားရမယ်ဆိုတော့" ဟု ဟားခါးမြို့နယ် စစ်ဘေးရှောင် ကျေးရွာဒေသခံ၊ အမည်မဖော်ပြလိုသူတစ်ဦးက ပြောသည်။

ဟားခါးနှင့် မတူပီလမ်းပေါ်တွင် ကျေးရွာပေါင်း ၂၅ ရွာခန့်ရှိပြီး ဆိုရ်ခွားကျေးရွာအပါအဝင် ကျေးရွာ ၅ ရွာခန့်မှာ ရွာကိုစွန့်ပြီး စစ်ဘေးရှောင် တောခိုနေကြကြောင်း သိရသည်။

August 5, 2026
ယခင် CDF – Kanpetlet (ယခု CPU / CPA) တပ်ဖွဲ့ဝင်ဖြစ်သည့် ရဲမေ မိုင်သူဇာကို အမျိုးသားညီညွတ်ရေး...
August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...
July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...
July 27, 2026
ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း...