လူပွဲစားအဆင့်ဆင့်ဖြင့် ထိုင်းနိုင်ငံသို့ဝင်ရောက်လာသူ ၁၆ ဦး စံခလပူရီတွင် ဖမ်းဆီးမိ

လူပွဲစားအဆင့်ဆင့်ဖြင့် ထိုင်းနိုင်ငံသို့ဝင်ရောက်လာသူ ၁၆ ဦး စံခလပူရီတွင် ဖမ်းဆီးမိ

လူပွဲစားအဆင့်ဆင့်ဖြင့် ဘုရားသုံးဆူနယ်စပ်မှတဆင့် ထိုင်းနိုင်ငံသို့ဝင်ရောက်လာသူ မြန်မာနိုင်ငံသား ၁၆ ဦးကို ကန်ချနပူရီပြည်နယ် စံခလပူရီမြို့ ရပ်ကွက် (၃) တောအုပ်အစွန်တစ်နေရာ၌ ပြီးခဲ့သည့်ည ၁၀ နာရီအချိန်ခန့်က ထိုင်းရဲနှင့် လ.ဝ.ကတို့ ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

ရန်ကုန်၊ ပဲခူး၊ မော်လမြိုင်နှင့် ရေးဒေသတို့မှ တရားမဝင်မြန်မာအလုပ်သမား အမျိုးသား ၁၃ ဦးနှင့် အမျိုးသမီး ၃ ဦးတို့ကို ဖမ်းဆီးရမိသော်လည်း လိုက်လံပို့ဆောင်သော ပွဲစား ၃ ဦး ထွက်ပြေးလွတ်မြောက်သွားကြောင်း၊ ပွဲစား၏ ဆိုင်ကယ်တစ်စီးကျန်ရှိနေသဖြင့် ရဲက သိမ်းဆည်းလိုက်ကြောင်း ကန်ချနပူရီဒေသသတင်းက ဖော်ပြသည်။

ဘန်ကောက်မြို့နှင့် အနီးဝန်းကျင်တွင် သွားရောက်အလုပ်လုပ်ကိုင်နိုင်ရန် အလုပ်သမားတစ်ဦးလျှင် အနည်းဆုံးဘတ်ငွေ တစ်သောင်းခွဲ (၁၅,၀၀၀) မှ အများဆုံး ဘတ်ငွေ နှစ်သောင်းခြောက်ထောင် (၂၆,၀၀၀) အထိ ခရီးပို့ဆောင်ခအဖြစ် ပွဲစားအား ပေးဆောင်ခဲ့ရသည်ဟု ရဲစခန်းစစ်ဆေးချက်တွင် ထွက်ဆိုထားသည်။

သို့ရာတွင် ဖမ်းဆီးရမိသော တရားမဝင်အလုပ်သမားများ တစ်ဦးချင်းစီအား ကိုယ်အပူချိန်တိုင်းတာရာတွင် ၃၇ ဒဿမ ၅ ထက်မပိုသဖြင့် ကိုဗစ်-၁၉ သံသယဖြစ်ဖွယ်မရှိကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင် စံခလပူရီမြို့နယ်တွင် လူ ၃ ဦးထံမှ ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ဆက်စပ်သူ ၅၀ ဦးခန့်ကိုလည်း ရောဂါပိုးရှိ/မရှိ စစ်ဆေးထားဆဲဖြစ်သည်။

ထို့အတူ ဘုရားသုံးဆူဒေသ၌ နယ်စပ်ကျော်ဖြတ်၍ တဖက်နှင့်တဖက် အပြန်အလှန်သွားလာခြင်းမပြုနိုင်ရန် ဘုရားသုံးဆူ နယ်စပ်ဖြတ်ကျော်ဂိတ်ကို ထိုင်းတို့က ဆက်လက်ပိတ်ထားပြီး ဘေးမလွယ်ပေါက်နေရာများကိုလည်း သံဆူးကြိုးများဖြင့် တားဆီးကာရန်ထားကြောင်း တွေ့ရသည်။

လက်ရှိ မြန်မာနိုင်ငံတွင် နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် တရားမဝင်အလုပ်သမားများ ထိုင်းနိုင်ငံထဲသို့ အများအပြားဝင်ရောက်လာနိုင်ပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအတွက်လည်း စိုးရိမ်မကင်းဖြစ်သည့်အတွက် နယ်စပ်ဒေသများတွင် အထူးကြပ်မတ်စစ်ဆေးသွားရန် ထိုင်းဝန်ကြီးချုပ်က ညွှန်ကြားထားသည်။

September 8, 2026
မွန်ပြည်၊ ရေးမြို့နယ် မြောက်ပိုင်းကျေးရွာအချို့တွင် စစ်အုပ်စုတပ် စစ်ကြောင်းများက ၎င်းတို့...
September 7, 2026
မိုးစပါးအသစ်မပေါ်မီ စက်တင်ဘာလဆန်းပိုင်းအတွင်း မွန်ပြည်တွင် စပါးအမျိုးအစားအားလုံး ဈေးနှုန်း ဆက်...
ဓာတ်ပုံ - (Crd)
September 7, 2026
မွန်ပြည်၊ သံဖြူဇရပ်မြို့နယ်၊ ဝယ်ဝင်္ကရာကျေးရွာတွင် နေထိုင်သည့် ဇနီးမောင်နှံ နှစ်ဦးကို...
September 4, 2026
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်တွင် စစ်အုပ်စုတပ်က ရမ်းသမ်းပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ပေါက်ကွဲ...