ပုဏ္ဏားကျွန်းမြို့တွင် ပေါက်ကွဲမှုဖြစ်၍ လေးဦးသေဆုံး

ပုဏ္ဏားကျွန်းမြို့တွင် ပေါက်ကွဲမှုဖြစ်၍ လေးဦးသေဆုံး

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့တွင် ညအချိန် ပေါက်ကွဲမှုဖြစ်၍ လူ ၄ ဦးသေဆုံးကြောင်း သတင်းရရှိသည်။

သေဆုံးသွားသူ ၄ ဦးမှာ ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်မှ မောင်စိုးဝင်းနိုင် (၂၂) နှစ်၊ မောင်နိုင်နိုင်ထွန်း (၂၂) နှစ်၊ မောင်ဦးကျော်ညွှန့် (၂၅) နှစ်နှင့် မောင်မောင်ချေ (၂၇) နှစ်တို့ဖြစ်ကြောင်း ပုဏ္ဏားကျွန်းမြို့မှ ဒေသခံတစ်ဦးဖြစ်သူ ဦးစိန်အောင်ကျော်က နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

“သူတို့က ညဉ့် ၁ နာရီ အချိန်မှာ ဖားသွားရှာပြီး အိမ်ကိုပြန်လာကြတာ။ သူတို့လေးယောက်သွားကြတာပေါ့။ အဲဒီကအပြန် လက်ပစ်ဗုံးတစ်ခု ကောက်ရခဲ့တယ်။ အဲဒါကိုယူခဲ့ပြီးတော့ မြို့ပတ်လမ်းတံတားအနားမှာ၊ ပုဏ္ဏားကျွန်းဆေးရုံကြီးအနောက်ဘက်ပေါ့။ အဲဒီအနားမှာ သူတို့ရလာခဲ့တဲ့ ဖားတွေကို မီးကင်ဖို့အတွက် မီးဖိုတယ်။ အဲဒီမှာ လက်ပစ်ဗုံးက အပူနဲ့ ပေါက်ကွဲသွားတာလို့ ယူဆရတယ်လို့ ရဲတွေကပြောပါတယ်။ သူတို့အခင်းဖြစ်တဲ့နေရာမှာ စစ်ဆေးချက်အရ အဲလိုပုံစံရှိတယ်ပေါ့နော်” ဟု ပြောသည်။

ထိုသို့ပေါက်ကွဲမှုမှာ ပြင်းထန်ပြီး ပေါက်ကွဲသံအား ပုဏ္ဏားကျွန်းမှ ဒေသခံအချို့မှာ ကြားလိုက်ကြကြောင်းလည်း သူကပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်စိန်လှအား နိရဥ္စရာမှဆက်သွယ်ခဲ့ရာ ဖြစ်စဉ်အားအတည်ပြုပြီး အသေးစိတ်ဖြစ်စဉ်အား ရဲအရာရှိများက စုံစမ်းစစ်ဆေးလျှက်ရှိကြောင်း ပြောကြားသည်။

ဖြစ်စဉ်အသေးစိတ်အားသိလို၍ ပုဏ္ဏားကျွန်းမြို့မရဲစခန်းအား နိဥ္စရာမှဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေဆိုခြင်းမရှိသဖြင့် ပေါက်ကွဲမှုဖြစ်စဉ်အသေးစိတ်အား မေးမြန်းတင်ပြနိုင်ခြင်းမရှိသေးပါ။

August 7, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့ပေါ် ရပ်ကွက်ငါးခုနှင့် ကျေးရွာ ၁၀၆ ရွာတို့တွင် ဩဂုတ်လ ၆ ရက်နေ့အထိ...
August 6, 2026
ရခိုင်ပြည်၊ ဂွနှင့် သံတွဲမြို့နယ်တို့၏ ကောင်းကင်ယံတွင် စစ်တပ်၏ လေယာဉ်များ...
August 4, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်တွင် စစ်ဘေးရှောင်နေကြသည့် ရေလုပ်သားများသည် ပင်လယ်ပြင်တွင် ငါးရှာ...
August 3, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့ရှိ ဂျိတ္တောရပ်ကွက်အပြင် ကျောက်ဖြူမြို့နယ်၊ စနဲမြို့ကိုလည်း...