ခလယ်-တံခွန်တိုင် တိုက်နယ်ရဲစခန်းအနီးတွင် ပစ်ခတ်မှုဖြစ်ပွား

ခလယ်-တံခွန်တိုင် တိုက်နယ်ရဲစခန်းအနီးတွင် ပစ်ခတ်မှုဖြစ်ပွား

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ခလယ်-တံခွန်တိုင် တိုက်နယ်ရဲစခန်းအနီးတွင် ယနေ့ ဇွန်လ ၄ ရက် နေ့လယ် ၁၂ နာရီခန့်တွင် ပစ်ခတ်မှုဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါပစ်ခတ်မှုသည် စစ်ကောင်စီ၊ ရဲ၊ BGF ပူးပေါင်းတပ်ဖွဲ့နှင့် နယ်မြေခံ ကေအဲန်ယူတပ်ဖွဲ့တို့အကြား ပစ်ခတ်မှုဖြစ်သည်ဟု ဒေသခံများက ခန့်မှန်းပြီး လက်နက်ကြီး၊ လက်နက်ငယ်များနှင့်ပစ်ခတ်ကာ လက်နက်ကြီး ၁၀ လုံးထက်မနည်း ပေါက်ကွဲသံများကြားနေရသည်ဟု ဒေသခံရွာသားတစ်ဦးက ယခုလိုပြောဆိုသည်။

“ဒီနေ့ နေ့လယ် ၁၂ နာရီခန့်မှာ ပစ်ခတ်မှုဖြစ်တယ်။ ပစ်ခတ်သံက ရဲစခန်းမှာကြားတယ်။ လက်နက်ကြီး ၁၀ လုံးထက်မက ပစ်သံခတ်သံကြားရတယ်။ စစ်ကောင်စီ၊ ရဲနဲ့ BGF ပူးပေါင်းတပ်ဖွဲ့နဲ့ ကေအဲန်ယူနဲ့ ပစ်ကြတယ်လို့ပဲ ခန့်မှန်းကြတာပေါ့နော်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

၎င်းပစ်ခတ်မှုကြောင့် လက်ရှိ ခလယ်နှင့် တံခွန်တိုင်ရှိ ဒေသခံရွာသူရွာသားများမှာ ယခုအချိန်တွင် ရွာအပြင်ဘက်ရှိ လုံခြုံသည့်နေရာများတွင် အချို့ ယာယီတိမ်းရှောင်နေကြရသည်ဟု သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၅ ရက်နေ့က ခလယ်-တံခွန်တိုင် တိုက်နယ်ရဲစခန်းတွင် စစ်ကောင်စီတပ် ခလရ (၂၈၃) တပ်ရင်းနှင့် အမှတ် (၁၀၂၁) နယ်ခြားစောင့်တပ်ဖွဲ့ ပူးပေါင်း၍ လာရောက်တပ်စွဲထားကြသဖြင့် ပစ်ခတ်မှုဖြစ်ပွားမည်ကို စိုးရိမ်သည့်အတွက် တပ်ပြန်လည်ဆုတ်ပေးရန် ဒေသခံများက ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ကြသော်လည်း တပ်မဆုတ်သည့်အပြင် ထပ်မံ၍ အင်အားတိုးချဲ့လာကြောင်း မြင်တွေ့ကြသူများက ပြောသည်။

၎င်းတိုက်ပွဲမှာ စစ်ကောင်စီပူးပေါင်းအဖွဲ့များနှင့် ကေအဲန်ယူလက်အောက်ခံ KNLA တပ်မဟာ (၆) ၏ တပ်ရင်း (၁၆) တပ်ဖွဲ့ဝင်များ ပစ်ခတ်ခြင်းဖြစ်ကြောင်း ကေအဲန်ယူအသိုင်းအဝိုင်းထံမှ သိရသော်လည်း ဖြစ်ပျက်မှုအသေးစိတ် မသိရှိရသေးပေ။

Photo: KNA
January 12, 2026
စစ်အုပ်စု၏အတုအယောင်ရွေးကောက်ပွဲ ဒုတိယပိုင်းတွင်ပါဝင်သည့် ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ်ရှိ...
January 9, 2026
နယ်မြေထိန်းချုပ်မှု၊ အုပ်ချုပ်ရေးစနစ်နှင့် အုပ်ချုပ်ခံပြည်သူလူထုမရှိဘဲ အစိုးရ တစ်ရပ်တည်ဆောက်၍...
January 8, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဖလူး-ဝေါလေ တောင်ကြော၊ ကျော်ဝါးဘိုး တောင်ကြောဘက်သို့...
January 6, 2026
ထိုင်း-မြန်မာနယ်စပ်၊ မြဝတီနှင့်ရွှေကုက္ကိုလ်ဒေသရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများမှ...