ကျီးခါးမြို့တွင် ကိုဗစ်-၁၉ ရောဂါဖြင့် ၂ ဦး ထပ်မံသေဆုံး

ကျီးခါးမြို့တွင် ကိုဗစ်-၁၉ ရောဂါဖြင့် ၂ ဦး ထပ်မံသေဆုံး

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ် ကျီခါးမြို့တွင် ဇွန်လ ၃ ရက် ယနေ့နံနက် ၇ နာရီနှင့် ၉ နာရီကျော်ကျော်ခန့်က ကိုဗစ်-၁၉ ရောဂါဖြင့် အသက် ၅၂ အရွယ် အမျိုးသားတစ်ဦးနှင့် အသက် ၅၄ နှစ်အရွယ် အမျိုးသမီးတစ်ဦး ရှေ့ဆင့်နောက်ဆင့် ထပ်မံသေဆုံးသည်ဟု သိရသည်။

“မနက် ၇ နာရီမှာဆုံးတာ။ အမျိုးသားက သိက္ခာတော်ရဆရာ အသက် ၅၂ နှစ်အရွယ်၊ ၉ နာရီကျော်ကျော်လောက်မှာ အမျိုးသမီးတစ်ယောက်ထပ်ဆုံးတယ်၊ ဆေးရုံတက်တဲ့ထဲကပဲ၊ ကျွန်တော်နဲ့ လုပ်ဖော်ကိုင်ဖက်ဖြစ်တယ်။ ကျီးခါးကပဲ၊ အသုဘက ဒီနေ့ပဲ၊ သဂြိုလ်မဲ့နေရာ၊ အုတ်ဂူတွေပြီးလို့ရှိရင် တခါထဲမြုပ်မယ်၊ အိမ်မှာလည်း မပို့ခိုင်းဘူး။ ဆေးရုံရင်ခွဲရုံကနေပဲ မြုပ်မယ်" ဟု ကျီခါးမြို့ခံတစ်ဦးက ပြောသည်။

ကျီးခါးမြို့တွင် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူ ၄ ဦးရှိသွားပြီဖြစ်သည်။

February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...
February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...
February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...