ကျီးခါးမြို့တွင် ကိုဗစ်-၁၉ ရောဂါဖြင့် ၂ ဦး ထပ်မံသေဆုံး

ကျီးခါးမြို့တွင် ကိုဗစ်-၁၉ ရောဂါဖြင့် ၂ ဦး ထပ်မံသေဆုံး

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ် ကျီခါးမြို့တွင် ဇွန်လ ၃ ရက် ယနေ့နံနက် ၇ နာရီနှင့် ၉ နာရီကျော်ကျော်ခန့်က ကိုဗစ်-၁၉ ရောဂါဖြင့် အသက် ၅၂ အရွယ် အမျိုးသားတစ်ဦးနှင့် အသက် ၅၄ နှစ်အရွယ် အမျိုးသမီးတစ်ဦး ရှေ့ဆင့်နောက်ဆင့် ထပ်မံသေဆုံးသည်ဟု သိရသည်။

“မနက် ၇ နာရီမှာဆုံးတာ။ အမျိုးသားက သိက္ခာတော်ရဆရာ အသက် ၅၂ နှစ်အရွယ်၊ ၉ နာရီကျော်ကျော်လောက်မှာ အမျိုးသမီးတစ်ယောက်ထပ်ဆုံးတယ်၊ ဆေးရုံတက်တဲ့ထဲကပဲ၊ ကျွန်တော်နဲ့ လုပ်ဖော်ကိုင်ဖက်ဖြစ်တယ်။ ကျီးခါးကပဲ၊ အသုဘက ဒီနေ့ပဲ၊ သဂြိုလ်မဲ့နေရာ၊ အုတ်ဂူတွေပြီးလို့ရှိရင် တခါထဲမြုပ်မယ်၊ အိမ်မှာလည်း မပို့ခိုင်းဘူး။ ဆေးရုံရင်ခွဲရုံကနေပဲ မြုပ်မယ်" ဟု ကျီခါးမြို့ခံတစ်ဦးက ပြောသည်။

ကျီးခါးမြို့တွင် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူ ၄ ဦးရှိသွားပြီဖြစ်သည်။

Most read this week

December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 15, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ပြည်သူဆေးရုံးကြီးကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုသည်...