ကျောင်းစဖွင့်သည့် ဇွန်တစ်ရက်နေ့ ရခိုင်ပြည်နယ်တွင် ကျောင်းတက်သူ ကျောင်းသားဦးရေ သုံးသိန်းကျော်ရှိ

ကျောင်းစဖွင့်သည့် ဇွန်တစ်ရက်နေ့ ရခိုင်ပြည်နယ်တွင် ကျောင်းတက်သူ ကျောင်းသားဦးရေ သုံးသိန်းကျော်ရှိ

ယနေ့ ဇွန်လတစ်ရက် ကျောင်းဖွင့်နေ့တွင် ရခိုင်တစ်ပြည်နယ်လုံး ကျောင်းတက် ကျောင်းသား/ကျောင်းသူ ဦးရေမှာ ၃၅၈,၉၃၁ ဦးရှိကြောင်း ရခိုင်ပြည်နယ်၊ ပညာရေးမှူးရုံး၊ ဒုတိယညွှန်ကြားရေးမှူး (စီမံ) ဒေါက်တာထွန်းထွန်းသိန်းက နိရဉ္စရာသတင်းဌာနသို့ ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် ခရိုင် (၅) ခုရှိရာ စစ်တွေခရိုင်၌ ၁၀၁,၃၀၁ ဦး၊ မြောက်ဦးခရိုင်၌ ၁၁၀,၆၅၂ ဦး၊ မောင်တောခရိုင်၌ ၄၃၂၁၁ ဦး၊ ကျောက်ဖြူခရိုင်၌ ၆၄၆၂၆ နှင့် သံတွဲရိုင်၌ ၃၉၁၄၁ ဦး ယနေ့ ကျောင်းတက်ရောက်ခဲ့သည်ဟု ၎င်းက ပြောကြားသည်။

၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် မေ ၂၄ ရက်မှ ၃၁ ရက်နေ့ထိ ကျောင်းအပ်နှံရေးနေ့များတွင် ကျောင်းတက်ရန် စာရင်းပေးသွင်းထားသော ကျောင်းသား/ကျောင်းသူဦးရေမှာ ၃၈၂,၇၀၅ ဦး ရှိသည့်အထဲမှ ၃၅၈,၉၃၁ ဦး တက်ရောက်ခဲ့သဖြင့် ယနေ့ ကျောင်းမတက်ရောက်သည့် ကျောင်းသားဦးရေမှာ ၂၃၇၇၄  ဦးရှိကြောင်း၊ ကျောင်းတက်သည့် ကျောင်းသားဦးရေမှာ ရာခိုင်နှုန်းအားဖြင့် ၉၄% ရာနှုန်းရှိကြောင်း ဒေါက်တာထွန်းထွန်းသိန်းက ပြောဆိုသည်။

၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ရခိုင်တစ်ပြည်နယ်လုံးအတိုင်းအတာဖြင့် ကျောင်းသား/ကျောင်းသူ ၅၃၉၅၀၃ ဦး တက်ရောက်ပညာသင်ကြားခဲ့သဖြင့် ယခုနှစ် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် ကျောင်းမတက်ရောက်သည့် ကျောင်းသားအရေအတွက်မှာ တစ်သိန်းငါးသောင်းကျော်အထိ ရှိနေကြောင်း သိရသည်။

၂၀၁၉-၂၀၂၀ ပညာသင်နှစ် စစ်တွေ ၁၄၈,၅၇၈ ဦး၊ မြောက်ဦးခရိုင် ၁၇၅,၂၄၉ ဦး၊ မောင်တောခရိုင် ၆၆,၆၅၂ဦး၊ သံတွဲခရိုင် ၆၀,၅၀၇ ဦးနှင့် ကျောက်ဖြူခရိုင် ၈၈,၅၁၇ ဦး တက်ရောက်ပညာသင်ကြားခဲ့ကြောင်း ရခိုင်ပြည်နယ်၊ ပညာရေးမှူးရုံး၏ စာရင်းအရ သိရသည်။

August 7, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့ပေါ် ရပ်ကွက်ငါးခုနှင့် ကျေးရွာ ၁၀၆ ရွာတို့တွင် ဩဂုတ်လ ၆ ရက်နေ့အထိ...
August 6, 2026
ရခိုင်ပြည်၊ ဂွနှင့် သံတွဲမြို့နယ်တို့၏ ကောင်းကင်ယံတွင် စစ်တပ်၏ လေယာဉ်များ...
August 4, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်တွင် စစ်ဘေးရှောင်နေကြသည့် ရေလုပ်သားများသည် ပင်လယ်ပြင်တွင် ငါးရှာ...
August 3, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့ရှိ ဂျိတ္တောရပ်ကွက်အပြင် ကျောက်ဖြူမြို့နယ်၊ စနဲမြို့ကိုလည်း...