မြဝတီမြို့၏ ကျောင်းဖွင့်ချိန်ပထမရက် ကျောင်းတက်လာသူ လွန်စွာနည်းပါး

မြဝတီမြို့၏ ကျောင်းဖွင့်ချိန်ပထမရက် ကျောင်းတက်လာသူ လွန်စွာနည်းပါး

စစ်ကောင်စီမှ သတ်မှတ်ထားသည့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၏ ယနေ့ ဇွန်လ ၁ ရက် ကျောင်းစဖွင့်ချိန် ပထမနေ့တွင် ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်းရှိ စာသင်ကျောင်းများတွင် ကျောင်းအပ်ထားသူထက် ကျောင်းတက်လာသူ လွန်စွာနည်းပါးကြောင်း တွေ့ရသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းအပ်နှံမှုကို မေလ ၂၄ ရက်နေ့မှ မေလ ၃၁ ရက်နေ့ထိ သတ်မှတ်ထားပြီး ကျောင်းဖွင့်ရက်ကို ယနေ့ ဇွန်လ ၁ ရက်နေ့တွင် စတင်ခြင်းဖြစ်သည်။

ထိုသို့ ကျောင်းအပ်နှံချိန် သီတင်းပတ်အတွင်း မြဝတီခရိုင်၌ ကျောင်းထားနိုင်သည့် ကျောင်းသူ/သား ဦးရေ ၃၈၇၅၁ ဦးရှိသည့်အနက် ၁ သောင်းဝန်းကျင်ခန့်သာ ကျောင်းအပ်နှံမှုရှိခဲ့သည့်အတွက် ၃၀ ရာခိုင်နှုန်းခန့် ကျောင်းအပ်ထားသည်ဟု မြဝတီမြို့နယ်ပညာရေးမှူး ဦးမြင့်ဦးက ယမန်နေ့ (မေ ၃၁) က ပြောထားသည်။

သို့သော် ယနေ့ ဇွန်လ ၁ ရက် ကျောင်းစဖွင့်သည့် ပထမရက်တွင်မူ ကျောင်းတက်သည့် ကျောင်းသူ/သားဦးရေသည် ကျောင်းအပ်ထားသူထက် လွန်စွာနည်းပါပြီး ကွာဟမှုရှိနေသေးသည်။

"ကလေးတွေကို ပြီးခဲ့တဲ့ရက်က ကျောင်းတော့အပ်ထားပါတယ်။ ဒါပေမယ့် ဒီနေ့က ကျောင်းစဖွင့်တဲ့ ပထမရက်ဖြစ်သလို မြို့ပြင် တောင်ဘက်ခြမ်းမှာလည်း မနေ့က မငြိမ်မသက်ဖြစ်ခဲ့တဲ့အတွက် ကလေးတွေကို ကျောင်းလွှတ်ဖို့ စိတ်မချသေးဘူး။ စောင့်ကြည့်ရဦးမယ်" ဟု ကျောင်းသားမိဘတစ်ဦးက ပြောသည်။

မြဝတီခရိုင်အတွင်း ကျောင်းပေါင်း ၁၀၉ ကျောင်းရှိသည့်အနက် ဌာနေ တိုင်းရင်းသားလက်နက်ကိုင်စိုးမိုးရာနယ်မြေရှိ ကျောင်း ၂၀ မှအပ ကျန် ၈၉ ကျောင်းအား ယနေ့ ဇွန်လ ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်သွားမည်ဟု ယမန်နေ့က မြို့နယ်ပညာရေးမှူး ဦးမြင့်ဦးက ပြောဆိုထားသည်။

May 14, 2026
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာသည့် လက်နက်ကိုင်ပဋိ ပက္ခများနှင့် အတူ...
May 13, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ လမ်းဟောင်းလမ်းပိုင်းနှင့် အောက်ဘိုတဲဒေသတဝိုက်တွင်...
May 12, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးနှင့် ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာတချို့တို့တွင် ယခုနှစ်နွေရာသီ...
May 11, 2026
ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA နယ်မြေအတွင်းရှိ ဒေသခံလူထုများ ကြုံတွေ့နေရသည့်...