ကျီခါးမြို့တွင် ကိုယ်ဝန်သည်အမျိုးသမီးတစ်ဦး ကိုဗစ် ၁၉ ရောဂါကြောင့် ကွယ်လွန်

ကျီခါးမြို့တွင် ကိုယ်ဝန်သည်အမျိုးသမီးတစ်ဦး ကိုဗစ် ၁၉ ရောဂါကြောင့် ကွယ်လွန်

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ် ကျီခါးမြို့ တိုက်နယ်ဆေးရုံတွင် ကိုဗစ် ၁၉ ရောဂါကြောင့် ကုသမှုခံယူနေသည့် အသက် ၃၈ နှစ်အရွယ် ကိုယ်ဝန်သည်အမျိူးသမီးတစ်ဦးကို မေလ ၃၀ ရက်နေ့ည ၁၁ နာရီခွဲခန့်က ကွန်လွယ်ခဲ့သည်ဟု သိရသည်။

အိန္ဒိယ-မြန်မာနယ်စပ်မြို့ဖြစ်သည့် ကျီးခါးမြို့တွင် မေလ ၁၁ ရက်နေ့ကစ၍ ကိုဗစ် ၁၉ ရောဂါပိုး ပြန်လည်တွေ့ရှိခဲ့ကြခြင်းဖြစ်ပြီး ယခုကွန်လွန်သွားသည့် အမျိူးသမီးမှာ ကိုယ်ဝန် ၈ လ လွယ်ထားရသည်ဟု သိရသည်။

အဆိုပါအမျိူးသမီး၏ ရုပ်အလောင်းကို ယနေ့နေ့လည်ပိုင်းက ကျီခါးမြို့တွင် သဂြိုလ်ခဲ့ကြသည်ဟု သိရသည်။

ကျီခါးမြို့တွင် မေလ ၁၁ ရက်နေ့ကစ၍ မေလ ၃၁ ရက်နေ့အထိ ကိုဗစ် ၁၉ ရောဂါပိုးကူးစက်ခံထားရသူ ၄၇ ဦးအထိ ရှိခဲ့ပြီး ကျီးခါးတိုက်နယ်ဆေးရုံတွင် လက်ရှိ ၉ ဦးကုသမှုခံယူလျှက်ရှိသည်ဟု သိရသည်။

May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...
May 4, 2026
အာဏာသိမ်းစစ်အုပ်စုအနေဖြင့် မတရားဖမ်းဆီးထားသည့် သတင်းသမားအားလုံးကို ချက်ချင်းလွှတ်ပေးရန် နှင့်...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...
April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...