ကလေးမြို့တွင်း ၃ နေရာတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား

ကလေးမြို့တွင်း ၃ နေရာတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား

ကလေးမြို့ မြို့တွင်း (၃) နေရာတွင် ယနေ့ညနေပိုင်း ၃ နာရီကျော်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း သိရသည်။

"ကျနော်ကြားလိုက်တာတော့ ဆေးရုံရှေ့ ပေါက်ကွဲတာကြားတယ် အောင်သစ္စာ ဆေးတပ်ဘက်မှာတော့ ဗုံးကပေါက်တယ် အဲဒီဗုံးသွားပစ်တဲ့သူတွေကို စစ်သားဖက်က လိုက်ပစ်တယ် သေနတ်သံတွေတော့ကြားတယ်" ဟု အနီးနားရှိလူတစ်ဦးမှ သိရသည်။

ကလေးမြို့နယ် သာစည်ကျေးရွာဘက်တွင် ယနေ့မနက်ပိုင်း အာဏာသိမ်းစစ်ကောင်စီနှင့် ကလေးမြို့ PDF အဖွဲ့တို့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် မြို့တွင်း ဗုံးပေါက်ကွဲမှု ဆက်လက်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဗုံးပေါက်ကွဲခဲ့သည့်နေရာများမှာ မြို့တော်ခန်းမအနီး၊ ပြည်သူ့ဆေးရုံရှေ့နှင့် အောင်သစ္စာရပ်ကွက် ဒကစစစ်ဆေးရုံအနီး ကင်းစောင့်သည့်နေရာနားတို့ဖြစ်ကြသည်။

February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...
February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...
February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...