စစ်ကောင်စီနှင့်မပူးပေါင်းရန် ဧရာဝတီကရင်လူငယ်များ ကရင်လူထုထံသို့ သတိပေးတိုက်တွန်းနှိုးဆော်

စစ်ကောင်စီနှင့်မပူးပေါင်းရန် ဧရာဝတီကရင်လူငယ်များ ကရင်လူထုထံသို့ သတိပေးတိုက်တွန်းနှိုးဆော်

ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ/အသင်းအဖွဲ့များအပြင် ကရင်လူထုများအနေဖြင့် စစ်ကောင်စီနှင့် ပူးပေါင်းခြင်းမပြုရန် ဧရာဝတီကရင်လူငယ် ဦးဆောင်ကော်မတီက ကရင်လူထုထံသို့ အသိပေးတိုက်တွန်းနှိုးဆော်ထုတ်ပြန်ချက်ကို ယမန်နေ့ မေလ ၃၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

စာပေနှင့်ယဉ်ကျေးမှုကော်မတီ/အသင်းအဖွဲ့များသည် ကရင်လူထုများအပေါ် လွှမ်းမိုးဦးဆောင်မှုပေးနိုင်သည့်အတွက် လတ်တလောကာလတွင် စစ်ကောင်စီနှင့် ပူးပေါင်းမှုများကိုမပြုရန် အချက် ၃ ချက်ဖြင့် တိုက်တွန်းနှိုးဆော်ချက်တစ်စောင်ကို ထုတ်ပြန်ရခြင်းဖြစ်သည်ဟု ဧရာဝတီကရင်လူငယ်ဦးဆောင်ကော်မတီ ပြောခွင့်ရသူတစ်ဦးက ယခုလိုပြောသည်။

၎င်းက "ပြည်တွင်းမှာရှိတဲ့ စာပေနှင့်ယဉ်ကျေးမှုက အဓိကဖြစ်တဲ့အတွက်ကြောင့် စာပေနှင့်ယဉ်ကျေးမှုတွေက ဒီမတိုင်းခင်က ကရင်လူထုတွေကို ဦးဆောင်ပြီးတော့ သွားနေတယ်လို့ ပြောလို့ရတယ်ပေါ့လေ။ ဒီလက်ရှိအခြေအနေမှာ ဒီစာပေနှင့်ယဉ်ကျေးမှုက လူထုအတွက်ကို ခိုင်ခိုင်မာမာနဲ့ရပ်တည်ပြီးတော့မှ မပြတ်မသားလုပ်ဆောင်နေရမယ့်အချိန် လုံးဝ မဟုတ်တော့ဘူး။ ပြတ်ပြတ်သားသားနဲ့ လုပ်သင့်လုပ်ထိုက်တဲ့ အရာတွေရှိတယ်။ ရှေ့ဆုံးကနေဦးဆောင်လမ်းပြ ဖြစ်နေသင့်ပြီးပေါ့လေ။ ဒီလိုမျိုးအရာတွေကို သတိပေးတိုက်တွန်းတာဖြစ်တယ်" ဟု ကေအိုင်စီသို့ပြောသည်။

ကရင်လူထုများအနေဖြင့်လည်း စစ်အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲကို စည်းလုံးညီညွတ်စွာ ယုံကြည်ရာမျှော်မှန်းသည့် အမျိုးသားတော်လှန်ရေးအထိမ်းအမှတ်ကို ပြန်ပြီးအသက်သွင်းကာ အကောင်အထည်ဖော်ရန် ယခုတစ်ကြိမ်တွင် အားလုံးပူးပေါင်းပြီး တော်လှန်ရေးအတွက် အမြဲတမ်း အသင့်ရှိနေပေးပါဟုလည်း ၎င်းက ဖြည့်စွက်ပြောသည်။

ထို့အပြင် ကရင်စာပေသင်သည့် ကရင်ဆရာ၊ ဆရာမအပါအဝင် အစိုးရကျောင်းများတွင် သင်ကြားပေးနေသည့် ကရင်လူမျိုးကျောင်းဆရာ၊ ဆရာမများသည်လည်း စစ်တပ်မှဖွင့်မည့်ကျောင်းများကို မတက်ရောက်ရန်နှင့် သင်ကြားရန်ဖိအားပေးသူများကိုလည်း ဆန့်ကျင်ကြရန်အပြင် အာဏာရှင်အမြစ်ပြတ်ချေမှုန်းရေးတွင်လည်း တက်စွမ်းသမျှ ဆက်လက်ပူးပေါင်းတော်လှန်ပြီး တော်လှန်ရေးသတိအမြဲရှိကြရန် ဆက်လက်ဖော်ပြထားသည်။

ဧရာဝတီကရင်လူငယ်ဦးဆောင်ကော်မတီကို တိုင်းအတွင်းရှိ ကရင်လူငယ်များ၊ မတူညီသောအစုအဖွဲ့များ ပိုမိုပါဝင်လာရန်ရည်ရွယ်ပြီး ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်၊ မတ်လ ၈ ရက်နေ့တွင်ပြုလုပ်သည့် စတုတ္ထအကြိမ်မြောက် ဧရာဝတီတိုင်း ကရင်လူငယ် တွေ့ဆုံနှီးနှောဖလှယ်ပွဲတွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

Photo: BGF
January 13, 2026
ဖားအံခရိုင်၊ လှိုင်းဘွဲ (ဖားအံ) မြို့နယ်ရှိ နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့၏ ဥဒေါင်းစခန်းနှင့်...
Photo: KNA
January 12, 2026
စစ်အုပ်စု၏အတုအယောင်ရွေးကောက်ပွဲ ဒုတိယပိုင်းတွင်ပါဝင်သည့် ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ်ရှိ...
January 9, 2026
နယ်မြေထိန်းချုပ်မှု၊ အုပ်ချုပ်ရေးစနစ်နှင့် အုပ်ချုပ်ခံပြည်သူလူထုမရှိဘဲ အစိုးရ တစ်ရပ်တည်ဆောက်၍...
January 8, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဖလူး-ဝေါလေ တောင်ကြော၊ ကျော်ဝါးဘိုး တောင်ကြောဘက်သို့...