လေးတောင်မြို့တွင် လူငယ် ၃ ဦးကို စစ်တပ်က ခေတ္တထိန်းသိမ်းပြီး ပြန်လွှတ်ပေး

လေးတောင်မြို့တွင် လူငယ် ၃ ဦးကို စစ်တပ်က ခေတ္တထိန်းသိမ်းပြီး ပြန်လွှတ်ပေး

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့၊ သရက်ချို ဘုန်းတော်ကြီးကျောင်းတွင် စခန်းချနေသည့် စစ်ကြောင်းတစ်ခုမှ လူငယ် ၃ ဦးကို ခေတ္တထိန်းသိမ်းပြီး နောက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့သည်ဟု အမည်မဖော်လိုသူ အရပ်လူကြီးတစ်ဦးက ပြောကြားသည်။

ဖမ်းဆီးခံခဲ့ရသည့် လူငယ်သုံးဦးမှာ သရက်ချိုကျေးရွာမှ တက္ကသိုလ်ဝင်တန်းအောင်မြင်ထားကြသည့် ကိုထူးထူးကျော်၊ ကိုဝင်းသက်ကျော်နှင့် စစ်တွေတက္ကသိုလ်တွင် တတိယနှစ်ပညာသင်ကြားနေသူ ငပြီချောင်းရွာမှ ကိုလူတာချေတို့ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

၎င်းလူငယ်သုံးဦးသည် မေလ ၂၇ ရက် ည ၉ နာရီခန့်က စစ်သားများ ယာယီစခန်းချနေသည့် လေးတောင်မြို့၊ သရက်ချိုဘုန်းတော်ကြီးကျောင်းရှေ့မှ ဆိုင်ကယ်ဖြင့်ဖြတ်သွားစဉ် စစ်ဆန့်ကျင်ရေးစကားလုံးများကို အော်ဟစ်ရာမှ ကင်းစောင့်နေသည့်စစ်သားများက သေနတ်တစ်ချက် ပစ်ဖောက်ပြီး ၎င်းလူငယ်သုံးဦးကို ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။

၎င်းလူငယ်သုံးဦးဖမ်းဆီးခံရပြီးနောက် အချိန်အနည်းငယ်အကြာတွင် ကျေးရွာလူကြီးများ၊ ဆွေမျိုးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အနီးအနားရှိ ရဲစခန်းမှ စခန်းမှူးတို့ ဘုန်းကြီးကျောင်းရှိ စစ်တပ်တာဝန်ရှိသူများနှင့် သွားရောက်ဖြေရှင်းရာမှ ၎င်းလူငယ်သုံးဦးကို ထိန်းသိမ်းထားရာမှ စစ်တပ်က ညတွင်းချင်း ပြန်လွှတ်ပေးခဲ့သည်ဟု သိရသည်။

ရမ်းဗြဲမြို့နယ် လေးတောင်မြို့သို့ အင်အား ၁၀၀ ခန့်ရှိသည့် တပ်မတော်စစ်ကြောင်းတစ်ခု လွန်ခဲ့သည် သုံးရက်ခန့်ကတည်းက ရောက်ရှိနေပြီး လေးတောင်မြို့ သရက်ချိုဘုန်းတော်ကြီးကျောင်းနှင့် ဇရပ်ပြင် ဘုန်းကြီးကျောင်းတို့တွင် ယာယီတည်းခိုနေသည်ဟု သိရသည်။

ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...