အနုပညာတက္ကသိုလ် (ရန်ကုန်) မှ CDM ပြုလုပ်သည့် ဆရာ ၃၈ ဦးကို အလုပ်ထုတ်လိုက်ကြောင်း စစ်ကောင်စီက ထုတ်ပြန်

အနုပညာတက္ကသိုလ် (ရန်ကုန်) မှ CDM ပြုလုပ်သည့် ဆရာ ၃၈ ဦးကို အလုပ်ထုတ်လိုက်ကြောင်း စစ်ကောင်စီက ထုတ်ပြန်

ရန်ကုန်တိုင်းဒေသကြီး အမျိုးသားယဉ်ကျေးမှုနဲ့ အနုပညာတက္ကသိုလ် (ရန်ကုန်) မှ CDM ပြုလုပ်သည့် ဆရာ/ဆရာမ ၃၈ ဦးကို အလုပ်မှ ထုတ်ပယ်လိုက်ကြောင်း စစ်ကောင်စီက မေ ၂၆ ရက်စွဲဖြင့် စာပို့ခဲ့ကြောင်း သိရသည်။

အဆိုပါ ထုတ်ပြနကြေညာချက်တွင် ဂီတဌာနမှ ဆရာ/ဆရာမ ၁၁ ဦး၊ သဘင်ဌာနမှ ရှစ်ဦး၊ ပန်းချီဌာနမှ လေးဦး၊ ပန်းပုဌာနမှ နှစ်ဦး၊ ရုပ်ရှင်နှင့် ပြဇာတ်ဌာနမှ သုံးဦး၊ သင်တန်းရေးရာဌာနမှ နှစ်ဦးနှင့် စီမံရေးရာဌာနခွဲမှ ရှစ်ဦးတို့ကို ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါစာရင်းထဲတွင် မပါရှိသေးသည့် CDM ပြုလုပ်နေသည့် ဆရာ/ဆရာမများလည်း ရှိသေးကြောင်း သိရသည်။

"ဒါတွေက ကြိုတွေးပြီးသားပါ။ နှစ်ပေါင်း ၂၀ ကျော် ဖက်တွယ်လာခဲ့တော့ စိတ်ထဲတမျိုးဖြစ်တာပေါ့။ ပြီးတော့ ဆရာတို့က လူနည်းစုလေ ရင်းနှီးမှုကလွယ်တယ်။ ဒါပေမယ့် ကိုယ်စွန့်လိုက်တာက အသက်စွန့်လိုက်ရတဲ့ သူတွေနဲ့ယှဉ်ရင် ဘာမှမဟုတ်တော့ဘူး" ဟု အလုပ်ထုတ်ပယ်ခဲ့ရသည့် ဆရာတစ်ဦးက ပြောသည်။

ထို့အပြင် အလုပ်ထုတ်ပယ်စာနှင့်အတူ Non-CDM ပြန်လုပ်သည့် ဆရာ/ဆရာမများကို အလုပ်ပြန်ဝင်ရန် စာထုတ်ပြန်ခဲ့ကြောင်းလည်း သိရသည်။

September 3, 2026
ချင်းပြည်၊ တီးတိန်မြို့အနီးတွင် ထန်တလန် စစ်မျက်နှာမှ ပြန်လာသည့် စစ်အုပ်စု ယာဉ်တန်းကို...
မြောင်မြို့နယ် T.G.R သတင်းမှန်ပြန်ကြားရေးအဖွဲ့ / ချောင်းဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာ ဇွန်လ အတွင်းက မီးရှို့ခံခဲ့ရသည့် အခြေအနေ။
September 2, 2026
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ခင်မွန်ကျေးရွာတွင် စက်တင်ဘာလ ၁ ရက် နံနက်ပိုင်းက စစ်အုပ်စုတပ်...
ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များအား တွေ့ရစဉ် / MOI)
September 1, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်၊ ဇင်းဘုံကျေးရွာရှိ စစ်အုပ်စုတပ် စစ်ကြောင်း ခြေကုပ်ယူထားသည့် စခန်းကို...
မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူများကို လှည်းဖြင့်သယ်ထုတ်နေစဥ် / ဗိဿနိုး ပြည်သူ့ ကာကွယ်ရေးတပ်မတော်
September 1, 2026
မကွေးတိုင်း၊ နတ်မောက်မြို့နယ်အတွင်း အင်အား ၁၂၀ ခန့် ပါဝင်သည့် စစ်အုပ်စုတပ်စစ်ကြောင်းကို...