တောင်ကုတ်မြို့မှ စာသင်ကျောင်းအချို့တွင် “ဒလန်ကျောင်း” ဟု ဆေးမှုတ်

တောင်ကုတ်မြို့မှ စာသင်ကျောင်းအချို့တွင် “ဒလန်ကျောင်း” ဟု ဆေးမှုတ်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှ စာသင်ကျောင်းအချို့တွင် “ဒလန်ကျောင်း” ဟု ဆေးမှုတ်ရေးသားခဲ့ခြင်းများရှိကြောင်း သတင်းရရှိသည်။

ယမန်နေ့ မေလ ၂၇ ရက်နေ့ ည ၁၁ ကျော်တွင် တောင်ကုတ်မြို့၊ ဂူတာရပ်ကွက်ရှိ အ.ထ.က (၂) စာသင်ကျောင်းတွင် အဆိုပါစာသားအား အမည်မသိသူအချို့ ဆေးမှုတ်ရေးသားခဲ့ခြင်းဖြစ်ကြောင်း ဂူတာရပ်ကွက် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောသည်။

“ဒလန်ကျောင်းဆိုပြီး အ.ထ.က (၂) ကျောင်းမှာ ရေးခဲ့ကြပါတယ်။ အဲဒါကိုသိသိချင်းပဲ သွားပြီး ဖျက်လိုက်ကြပါပြီ။ ဒလန်ကျောင်းဆိုပြီးပဲရေးတာပါ။ တခြားစာသားတွေ ရေးတာတော့ မဟုတ်ပါဘူး” ဟု ပြောသည်။

ယင်းစာသားများအား ထိုကျောင်းရှိ အုတ်နံရံနှစ်ခုတွင် အမည်မသိသူအချို့က အနီရောင်မှုတ်ဆေးဖြင့် ရေးသားခဲ့ခြင်းဖြစ်ကြောင်း အ.ထ.က (၂) ကျောင်းမှ စာရေးကြီးဦးမောင်မောင်ကြည်က ပြောသည်။

“ညဦးလောက်မှာ ဆေးလာမှုတ်ပြီး ရေးခဲ့ကြတာပါ။ ဘယ်သူတွေလာရေးမှန်းတော့ မသိပါဘူး။ စာတွေကတော့ ထုံးဖြူနဲ့ ဖျက်ပြီးသွားပြီ။ ဥက္ကဋ္ဌတို့ကတော့ ညတွင်းချင်း လာဖျက်သွားကြပါတယ်။ ကျွန်တော်မြင်တာကတော့ အုတ်နံရံကွင်း ၁၀ ပေ နှစ်ကွင်လောက်မှာ မှုတ်ဆေးနဲ့ ရေးခဲ့ကြတာပေါ့” ဟု ပြောသည်။

တောင်ကုတ်သိမ်တောင်ကျောင်းနံရံတွင်လည်း လာရောက်ဆေးမှုတ်မှုများရှိခဲ့သည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး တောင်ကုတ်မြို့မရဲစခန်းသို့ နိရဥ္စရာမှ ဆက်သွယ်ရန်ကြိုးစားခဲ့သော်လည်း အဆက်သွယ်မရရှိခဲ့ပါ။

တောင်ကုတ်မြို့နယ် စီမံအုပ်ချုပ်ရေးမှူး ဦးစောမင်းသူအားလည်း နိရဥ္စရာမှ ဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါ။

August 7, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့ပေါ် ရပ်ကွက်ငါးခုနှင့် ကျေးရွာ ၁၀၆ ရွာတို့တွင် ဩဂုတ်လ ၆ ရက်နေ့အထိ...
August 6, 2026
ရခိုင်ပြည်၊ ဂွနှင့် သံတွဲမြို့နယ်တို့၏ ကောင်းကင်ယံတွင် စစ်တပ်၏ လေယာဉ်များ...
August 4, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်တွင် စစ်ဘေးရှောင်နေကြသည့် ရေလုပ်သားများသည် ပင်လယ်ပြင်တွင် ငါးရှာ...
August 3, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့ရှိ ဂျိတ္တောရပ်ကွက်အပြင် ကျောက်ဖြူမြို့နယ်၊ စနဲမြို့ကိုလည်း...