စစ်ကောင်စီတပ်နှင့် BGF ပူးပေါင်းလုံခြုံရေးအဖွဲ့မှ ပစ်ခတ်သောကျည် အရပ်သား ၂ ဦး ထိမှန်ခဲ့

စစ်ကောင်စီတပ်နှင့် BGF ပူးပေါင်းလုံခြုံရေးအဖွဲ့မှ ပစ်ခတ်သောကျည် အရပ်သား ၂ ဦး ထိမှန်ခဲ့

ကရင်ပြည်နယ် မြဝတီမြို့၏တောင်ဘက် မြဝတီ-မဲထော်သလေး သွားကားလမ်း မီးလောင်ချောင်းတံတားရှိ စစ်ကောင်စီတပ်နှင့် BGF အဖွဲ့ ပူးပေါင်းစစ်ဆေးရေးဂိတ်မှ လမ်းပေါ်တွင် ယာဉ်ကြောပိတ်ဆို့ရှာဖွေစဉ် ရပ်တန့်မပေးဘဲ မောင်းပြေးသည့်ယာဉ်အား လိုက်လံပစ်ခတ်စဉ် အရပ်သား ၂ ဦး သေနတ်ထိမှန်ခဲ့ကြောင်း သိရသည်။

ယနေ့ မေလ ၂၈ ရက် နေ့လည် ၁၂ နာရီဝန်းကျင်ခန့်က မြဝတီမြို့ အမှတ် ၃ ရပ်ကွက် မြဝတီ-မဲထော်သလေး သွားကားလမ်း ဒေသအခေါ် (မာမီဂိတ်အလွန်) မီးလောင်ချောင်း တံတားအနီးရှိ စစ်ကောင်စီတပ်နှင့် BGF ပူးပေါင်းအဖွဲ့မှ ယာဉ်ကြောပိတ်ဆို့ ရှာဖွေမှုများပြုလုပ်နေစဉ် ကြက်သွေးရောင် ဆလွန်းကားတစ်စီးမှာ ရပ်မပေးဘဲ မောင်းပြေးသဖြင့် လိုက်လံပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ရပ်ကွက်နေပြည်သူများက ပြောသည်။

ထိုသို့ ပစ်ခတ်ရာတွင် ယာဉ်ပေါ်ပါ အရပ်သား ၁ ဦးနှင့် လမ်းတွင်သွားလာနေသည့် ဆိုင်ကယ်တက္ကစီမောင်းသူ ၁ ဦးတို့မှ သေနတ်ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့ပြီး ယခုအခါ သင်္ကန်းညီနောင်ရှိ တပ်မတော်စစ်ဆေးရုံတွင် ဆေးဝါးကုသမှုခံယူနေကြောင်း ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၎င်းအပြင် အဆိုပါ စစ်ကောင်စီလုံခြုံရေးအဖွဲ့၏ ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့သည်ဟု ဒေသခံပြည်သူတစ်ချို့က ပြောနေကြသော်လည်း ကေအိုင်စီအနေဖြင့် သီးသန့် သတင်းအတည်ပြုချက် မရသေးပေ။

ယနေ့ နံနက်ပိုင်းမှစ၍ စစ်ကောင်စီတပ်လုံခြုံရေးနှင့် BGF ပူးပေါင်းအဖွဲ့မှ ယခုအခင်းဖြစ်နေရာအပါအဝင် မြဝတီမြို့ပြင်နှင့် မြို့အဝင်နေရာများတွင် လုံခြုံရေးတင်းကြပ်ထားပြီး ရှာဖွေစစ်ဆေးမှုများ ပြုလုပ်လျက်ရှိနေကြောင်း သိရသည်။

April 24, 2026
စစ်အုပ်စုက စစ်ရေးပစ်မှတ်မဟုတ်သော အရပ်သားများ၊ အရပ်သားပြည်သူပိုင်နေရာများကို...
Photo crd- Thai PBS World
April 23, 2026
ထိုင်းနိုင်ငံခြားရေး ဝန်ကြီး Mr. Sihasak Phuangketkeow ၏ မြန်မာနိုင်ငံ၊...
April 22, 2026
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့မှတစ်ဆင့် မဲဆောက်မြို့သို့ နိုင်ငံဖြတ်ကျော်ဝင်လာမည့်...
April 21, 2026
ကရင်ပြည်နယ်၊ မူတြော်ခရိုင်(ဖာပွန်)တွင် စစ်အုပ်စုက အရပ်သားများကိုပစ်မှတ်ထားတိုက်ခိုက်မှု...