ကျောက်ကြီး-မူသယ်ကားလမ်းပေါ် ပစ်ခတ်မှုအတွင်း ဒေသခံအမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရ

ကျောက်ကြီး-မူသယ်ကားလမ်းပေါ် ပစ်ခတ်မှုအတွင်း ဒေသခံအမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရ

ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ ညောင်လေးပင်ခရိုင် (တပ်မဟာ-၃)၊ ကျောက်ကြီးမြို့နယ်ထဲရှိ ကျောက်ကြီး-မူသယ်ကားလမ်းပေါ်တွင် မေလ ၂၅ ရက်နေ့က ကေအဲန်ယူ၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် - KNLA နှင့် စစ်ကောင်စီတပ်တို့အကြား ပစ်ခတ်မှုဖြစ်ပွားရာတွင် ဒေသခံအမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။



ကျောက်ကြီး- မူသယ်လမ်းမပေါ်တွင် စစ်ကားဖြင့် တက်ရောက်လာသည့် စစ်ကောင်စီတပ်ကို နယ်မြေခံ KNLA တပ်ဖွဲ့နှင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်မှ လက်နက်ကြီးအသုံးပြုပြီး ပစ်ခတ်သည့်အတွက် အနီးအနားရှိ နေအိမ်တစ်အိမ်မှ အမျိုးသမီးတစ်ဦးကို လက်နက်ကြီးကျည်စထိမှန်၍ ထိခိုက်ဒဏ်ရာရှိခဲ့ခြင်းဖြစ်သည်။



ထို့အပြင် အဆိုပါပစ်ခတ်မှုအတွင်း နေအိမ်ဆိုင်ခန်းနှင့် ဒေသခံဥယျာဉ်ခြံထဲတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ ထိခိုက်ပျက်စီးမှုအချို့ရှိသည်ဟုလည်း KNU ပြန်ကြားရေးဌာနမှ မေလ ၂၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။



KNU ကျောက်ကြီးမြို့နယ်တွင်ရှိသည့် စစ်ကောင်စီတပ်အနေဖြင့် လမ်းမပေါ်တွင် ဂိတ်ချစစ်ဆေးမှုများပြုလုပ်ခြင်း၊ ပြည်သူများကို ခြိမ်းခြောက်ခြင်း၊ အကြောင်းမဲ့ ဖမ်းဆီးချုပ်နှောင်အရေးယူခြင်း၊ အကြပ်ကိုင်ခြင်းများ လုံးဝ လက်ခံမည်မဟုတ်သလို စစ်ကောင်စီတပ်အနေဖြင့် တပ်ပိုင်းဆိုင်ရာတပ်လှုပ်ရှားခြင်း ထိုးစစ်ဆင်ခြင်းများကို လုံးဝလက်မခံကြောင်း KNU ကျောက်ကြီးမြို့နယ်က မေလ ၁၂ ရက်နေ့တွင် ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့သည်။



ကျောက်ကြီးမြို့နယ်ရှိ စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် မေလ ၂၄ ရက်တွင်လည်း ဒေသခံလူမှုအဖွဲ့ဝင်တစ်ဦးဖြစ်သူ နော်အေးကြန်ကို ဖမ်းဆီးသွားခဲ့သည်။



ဖမ်းဆီးခံရသူ နော်အေးကြန်အား အမြန်ဆုံးပြန်လွှတ်ပေးရန်နှင့် ပြန်မလွှတ်ပေးပါက ပြင်းထန်သော တုန့်ပြန်မှုများမည်ဟု ဒေသခံလူမှုအဖွဲ့အစည်းများက ကြေညာချက်ထုတ်ကာ ပြောဆိုထားသည်။



လက်ရှိတွင် ၎င်းဖမ်းဆီးခံရသည့် ဒေသခံလူမှုအဖွဲ့ဝင် နော်အေးကြန်၏ မိသားစုဝင်များသည်လည်း နေအိမ်တွင် မနေထိုင်ရဲတော့ဘဲ တိမ်းရှောင်နေရသည်ဟု သိရသည်။

April 24, 2026
စစ်အုပ်စုက စစ်ရေးပစ်မှတ်မဟုတ်သော အရပ်သားများ၊ အရပ်သားပြည်သူပိုင်နေရာများကို...
Photo crd- Thai PBS World
April 23, 2026
ထိုင်းနိုင်ငံခြားရေး ဝန်ကြီး Mr. Sihasak Phuangketkeow ၏ မြန်မာနိုင်ငံ၊...
April 22, 2026
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့မှတစ်ဆင့် မဲဆောက်မြို့သို့ နိုင်ငံဖြတ်ကျော်ဝင်လာမည့်...
April 21, 2026
ကရင်ပြည်နယ်၊ မူတြော်ခရိုင်(ဖာပွန်)တွင် စစ်အုပ်စုက အရပ်သားများကိုပစ်မှတ်ထားတိုက်ခိုက်မှု...