ဖလမ်းမြို့နယ် လုမ်းဘန်ရွာက တူမီးသေနတ်များကို စစ်ကောင်စီတပ်ဖွဲ့က လာရောက်သိမ်းဆည်း

ဖလမ်းမြို့နယ် လုမ်းဘန်ရွာက တူမီးသေနတ်များကို စစ်ကောင်စီတပ်ဖွဲ့က လာရောက်သိမ်းဆည်း

မေ ၂၁ ရက်က ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ လုမ်းဘန်ကျေးရွာအနီး ဖလမ်း - ကလေး ကားလမ်းမပေါ်တွင် Chin National Defence Force အဖွဲ့က စစ်ကား ၂ စီးအား ခြုံခိုပစ်ခတ်ခြင်း ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့မှ ယမန်နေ့ မေလ ၂၅ ရက်နေ့ နေ့လည်ပိုင်းတွင် လုံဘန်ရွာသို့ရောက်ရှိလာပြီး ကျေးရွာဒေသခံများပိုင်ဆိုင်သည့် လိုင်စင်စာရင်းရှိပြီးသား တူမီးသေနတ်များကို အိမ်များတွင် ၀င်ရောက်စစ်ဆေးပြီး သိမ်းယူသွားကြောင်း ဒေသခံများထံမှ သိရသည်။

"ဒီရွာမှာ တူမီးဘယ်လောက်ရှိတယ်ဆိုတဲ့စာရင်းနဲ့ လာပြီး အိမ်တွေလိုက်စစ်ဆေးပြီး သိမ်းသွားတာ၊ တူမီးသေနတ် ၂၀ ၀န်းကျင်လောက် ယူသွားတယ်၊ အိမ်ရှင်တွေကိုတော့ မေးမြန်းတာလောက်ပဲလုပ်တယ်လို့ကြားတယ်၊ ဒီည ရွာမှာ သူတို့ညအိပ်နားမယ်ထင်တယ်" ဟု ရွာခံတစ်ဦးကဆိုသည်။

မေလ ၂၁ ရက်နေ့တွင် လုမ်းဘန်ကျေးရွာအနီး စစ်ကား ၂ စီးကို ခြုံခိုတိုက်ခိုက်မှုကြောင့် ဗိုလ်ကြီးအဆင့်အပါအ၀င် စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးကာ CNDF အဖွဲ့သား ၁ ဦးကျဆုံးဟု CNDF အဖွဲ့က ထုတ်ပြန်ထားသည်။

ဖလမ်းမြို့နယ် လုမ်းဘန်ကျေးရွာသည် ကလေးမြို့နှင့် ဖလမ်းမြို့နယ်အကြား ဆက်သွယ်ထားသည့် ကလေး-ဖလမ်း လမ်းမပေါ်ရှိ ကျေးရွာဖြစ်ပြီး တောင်တန်းပြည်မပေါင်းစည်းရေး ပင်လုံစာချုပ်တွင် ချင်းပြည်ကိုယ်စား လက်မှတ်ရေးထိုးသည့် ချင်းစော်ဘွား Pu Hlur Hmung ဦးလှုရ်မှုန်၏ဇာတိရွာနှင့် နိုင်ငံကျော်အဆိုတော် ဆလိုင်းသွှအောင်၊ ဂျွန်သင်ဇမ်၏ ဇာတိရွာလည်းဖြစ်သည်။

August 5, 2026
ယခင် CDF – Kanpetlet (ယခု CPU / CPA) တပ်ဖွဲ့ဝင်ဖြစ်သည့် ရဲမေ မိုင်သူဇာကို အမျိုးသားညီညွတ်ရေး...
August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...
July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...
July 27, 2026
ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း...