မော်လမြိုင်တွင် ခြိမ်းခြောက်ပြီး မီတာခကောက်ခံမှုတွေရှိနေ

မော်လမြိုင်တွင် ခြိမ်းခြောက်ပြီး မီတာခကောက်ခံမှုတွေရှိနေ

မော်လမြိုင်မြို့၏ ရပ်ကွက်အချို့သို့ မီတာကောက်ခံသည့် စာရေးနှင့် စစ်အုပ်စုထိန်းချုပ်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေပါဝင်သော အဖွဲ့တွေက မီတာခကောက်ခံမှုများ ပြုလုပ်နေပြီး ခြိမ်းခြောက်မှုတွေလည်းရှိနေတယ်လို့ ကြုံတွေ့ခဲ့ရသူတစ်ဦးက သံလွင်တိုင်းမ်သို့ ပြောပါတယ်။

မီတာခ သုံးလစာ လာရောက်ကောက်ခံနေတာဖြစ်ပြီး တစ်လခစာကို ချက်ခြင်းပေးရန် ပြောဆိုနေတာလည်းဖြစ်ပါတယ်။

မီတာခကို မပေးဆောင်နိုင်ဟု တုန့်ပြန်မှုအပေါ် မီးဖြတ်မည်ဟု ကနဦးပြောဆိုပြီး ခံဝန်လက်မှတ်ထိုးခိုင်းကြောင်း၊ မထိုးပါက မီတာမဆောင်သည့်နေအိမ်မှာ အန္တရာယ်ကြုံတွေ့နိုင်ကြောင်းပါ ခြိမ်းခြောက်ပြောဆိုခဲ့သည်ဟု ကာယကံရှင်အမျိုးသမီးတစ်ဦးက ပြောသည်။

အချို့သော ရပ်ကွက်များတွင်လည်း အလားတူဖြစ်ရပ်မျိုးရှိနေကြောင်းနှင့် မီးဖြတ်မည်က ကိစ္စမရှိသော်လည်း မိသားစုဝင်နည်းပါးသည့် နေအိမ်များကို စစ်အုပ်စုထိန်းချုပ်ခံ တပ်ဖွဲ့တွေက ဝင်ရောက်အန္တရာယ်ပြုမည်ကို စိုးရိမ်နေရသည်ဟု မိသားစုဝင်အချို့က သံလွင်တိုင်းမ်၏မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

စစ်အုပ်စုက အာဏာသိမ်းပြီးနောက် အများပြည်သူတို့က စစ်အုပ်စုအာဏာသိမ်းမှုကို ဆန့်ကျင်သည့်အနေဖြင့် မီတာမဆောင်သည့်လှုပ်ရှားမှုကို ဆက်လက်လုပ်ဆောင်နေပြီး လျှပ်စစ်ရုံးဝန်ထမ်းများကလည်း CDM ပြုလုပ်နေကြသည်။

Most read this week

August 7, 2026
မွန်ပြည်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ ငွေကြေး (လုပ်စားခွင်) ဖြစ်လာမှုနှင့်အတူ ပြည်သူများ...
August 6, 2026
မွန်ပြည်အတွင်း စက်သုံးဆီပြတ်လပ်သည့် အကျပ်အတည်းများ ဆက်လက်ဖြစ်ပေါ်နေသော်လည်း စစ်အုပ်စု လက်အောက်ခံ...
ပုံဟောင်း (Crd)
August 5, 2026
မွန်ပြည်၊ သထုံခရိုင်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ဒေသခံပြည်သူများကို ဒေသန္တရအမိန့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 4, 2026
မွန်ပြည်တွင် စစ်တပ်က ကျားဖြန့်လုပ်ငန်းများမှ သိမ်းဆည်းထားသည့် လူအသုံးအဆောင် ပစ္စည်းများကို...