ရခိုင်တွင် ပထမဆုံးကျောင်းအပ်နှံရေးနေ့၌ ကျောင်းသားငါးသောင်းကျော် ကျောင်းအပ်နှံ

ရခိုင်တွင် ပထမဆုံးကျောင်းအပ်နှံရေးနေ့၌ ကျောင်းသားငါးသောင်းကျော် ကျောင်းအပ်နှံ

ရခိုင်တွင် ပထမဆုံးကျောင်းအပ်နှံရေးနေ့ဖြစ်သည့် မေလ ၂၄ ရက်နေ့၌ ကျောင်းသား/ကျောင်းသူ ငါးသောင်းကျော် ကျောင်းအပ်နှံခဲ့ကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူးရုံး၏ စာရင်းအရ သိရသည်။

၄င်းတို့မှာ မူလတန်း စုစုပေါင်း ၃၈ဝ၂၅ ဦး၊ အလယ်တန်း ၁၂၈၆၄ ဦး၊ အထက်တန်း ၃၇၉၈ ဦး၊ စုစုပေါင်း ၅၄၆၈ရ ဦးဖြစ်ကြကြောင်း ရခိုင်ပြည်နယ် ပြည်နယ်ပညာရေးမှူး ဦးတင်သိန်းကပြောသည်။

“ကျွန်တော်တို့ စုစုပေါင်း ၅ သောင်းကျော်အထိ လက်ခံခဲ့ရတယ်။ ဒီစာရင်းက ခရိုင်အလိုက် ကောက်ထားတဲ့စာရင်းပါ။ ဘယ်မြို့နယ်၊ ဘယ်ခရိုင်မှာ အများဆုံးလည်းဆိုတာ ပြောရခက်ပါတယ်။ ဘာလို့လည်းဆိုရင် မောင်တောခရိုင်ဆိုရင် မြို့နယ်နှစ်ခုတည်းရှိတာလေ။ မြောက်ဦးခရိုင်ဆိုရင် ငါးခုလောက်ရှိတယ်။ ဒါကြောင့် ဘယ်မှာ ကျောင်းသားဦးရေများတယ်ဆိုတာ ပြောရခက်သေးတယ်။ စာရင်းကို အသေးစိတ်လုပ်နေပါတယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် ကျောင်းပေါင်း ၃၁၉၆ ကျောင်းကို ယခုနှစ်တွင် ဖွင့်လှစ်ပညာသင်ကြားသွားမည်ဖြစ်ကြောင်း ပညာရေးမှူးက ဆက်လက် ပြောဆိုသည်။

၂ဝ၂၁-၂၂ ခုနှစ် ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးနေ့ကို ယမန်နေ့ မေလ ၂၄ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ ကျောင်းအပ်နှံရေး ရက်သတ္တပတ်နေ့အဖြစ် သတ်မှတ်ထားသည်။

ဇွန်လ ၁ ရက်နေ့တွင် ကျောင်းသားများ စတင်ကျောင်းတက်ရမည်ဖြစ်ကြောင်း ပညာရေးဌာနမှ ထုတ်ပြန်ထားသည်။

ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...