မန္တလေးမြို့မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လူသတ် လုယက်မှုတွေ ဆက်တိုက်ဖြစ်ပေါ်နေ

မန္တလေးမြို့မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လူသတ် လုယက်မှုတွေ ဆက်တိုက်ဖြစ်ပေါ်နေ
မန္တလေးမြို့၊ ၈၂ လမ်းနဲ့ ၈၃ လမ်းကြား၊ ၃၂ လမ်း၊ နေအိမ်မှာ မေ  ၂၄ ရက် ညနေပိုင်းက အသတ်ခံရတဲ့ သားအမိပုံဖြစ်ပါတယ်။
မန္တလေးမြို့၊ ၈၂ လမ်းနဲ့ ၈၃ လမ်းကြား၊ ၃၂ လမ်း၊ နေအိမ်မှာ မေ ၂၄ ရက် ညနေပိုင်းက အသတ်ခံရတဲ့ သားအမိပုံဖြစ်ပါတယ်။

လမ်းမတွေပေါ် အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်အဖွဲ့တွေ အင်အားတင်းကြပ်စွာချထားတဲ့ မန္တလေးမြို့မှာ အခုရက်ပိုင်းအတွင်း ရိုက်နှက် သတ်ဖြတ် လုယက်မှုနဲ့ ခိုးမှုတွေ ဆက်တိုက်ဖြစ်နေပါတယ်။

အထင်ရှားဆုံးကတော့ မေလ ၂၄ ရက်နေ့ ညနေပိုင်းက မန္တလေးမြို့ ၈၂ လမ်းနဲ့ ၈၃ လမ်းကြား၊ ၃၂ လမ်းတွင်နေထိုင်ပြီး ရွှေလုပ်ငန်းလုပ်ကိုင်တဲ့ မိခင်ဖြစ်သူနဲ့ သားဖြစ်သူတို့ကို အနုကြမ်းစီးသတ်ခဲ့တဲ့ဖြစ်စဉ်ပါ။

မေလ ၂၂ ရက်နေ့ကလည်း မန္တလေးမြို့တွင်း နေ့ခင်းကြောင်တောင်မှာ ဆိုင်ကယ်မောင်းလာတဲ့ အမျိုးသားတစ်ဦးကို ရိုက်နှက်ကာ ပစ္စည်းလုယူမှုဖြစ်ခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ တစ်ပတ်အတွင်းမှာ ဆိုင်ကယ်မောင်းနှင်နေသူကို ရိုက်နှက်ကာ ပစ္စည်းလုယူမှုအကြောင်းကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တွေ့ရှိချက်အရ ငါးမှုနဲ့အထက် ရှိနေပါတယ်။

ဒါ့အပြင် နေ့စဉ် ဆိုင်ကယ်ခိုးယူမှုနဲ့ ဆိုင်ကယ်မောင်းနေသူထံမှ ဖုန်းလုယက်မှုတွေက တရစပ်ဖြစ်ပေါ်နေတာပါ။

မြို့အတွင်း ဆန္ဒပြပြည်သူတွေကို ပစ်ခတ်နှိမ်နင်းဖို့ ရဲနဲ့စစ်တပ်အင်အား အလုံအလောက်ချထားပေမယ့် ပြီးခဲ့တဲ့ မေလ ၂၂ ရက်နေ့မှာပဲ အရပ်ဝတ်စစ်သားတွေဟာ ဆရာဝန်တစ်ဦးရဲ့ ကားမှန်ကိုရိုက်ခွဲပြီး ကားထဲက မြန်မာငွေနဲ့ နိုင်ငံခြားငွေ (ဒေါ်လာ) တချို့ကို ယူဆောင်သွားတာကိုလည်း လူမှုကွန်ယက်မှာတင်ထားတဲ့ ဗီဒီယိုဖိုင်မှာ တွေ့မြင်ခဲ့ရပါသေးတယ်။

Most read this week

August 3, 2026
ချင်းပြည်၊ ဟားခါးမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အုပ်စု တပ်ဖွဲ့ဝင်များ၏...
August 3, 2026
ငဝန်မြစ်ရေကာတာ တာဘောင်ကျိုးကျမှုကြောင့် တစ်မြို့နယ်လုံးနီးပါး ရေကြီးရေလျှံမှု ဖြစ်ပွားနေသည့်...
August 1, 2026
စစ်အုပ်စုနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ချင်းညီနောင် (CB) အဖွဲ့ဝင်ဖြစ်သည့်...
July 31, 2026
စစ်အုပ်စုတပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ရန်ကုန်နေအိမ်သို့...