ထင်ချောင်းကျေးရွာအနီး စစ်ကောင်စီတပ်နှင့် CDF - Mindat တို့ ဖြစ်ပွားသည့်တိုက်ပွဲတွင် ဓာတုလက်နက်သုံးဟု ထုတ်ပြန်

ထင်ချောင်းကျေးရွာအနီး စစ်ကောင်စီတပ်နှင့် CDF - Mindat တို့ ဖြစ်ပွားသည့်တိုက်ပွဲတွင် ဓာတုလက်နက်သုံးဟု ထုတ်ပြန်

ပြီးခဲ့သည့် မေလ ၂၃ ရက်နေ့က ထင်ချောင်းကျေးရွာအနီးတွင် စကစတပ်များနှင့် CDF - Mindat တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

ယင်းတိုက်ပွဲတွင် စကစဘက်ကပစ်ခတ်သော လက်နက်ကြီးများမှ အငွေ့ဖြူများ လျင်မြန်စွာပြန့်ထွက်လာသည်ကို တွေ့ရသည်ဟု မျက်မြင်သက်သေများက ပြောသည်ဟု CDF မင်းတပ်က ၄င်းတို့၏လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန်ထားသည်။

ယင်းတိုက်ပွဲအတွင်း ယင်းအငွေ့ဖြူထုကို ဖြတ်မိသော CDF - Mindat ရဲဘော်တို့သည် လျှာများထုံအခြင်း၊ နှာခေါင်းများစပ်ခြင်း၊ ခေတ္တမျက်လုံးကန်းခြင်း၊ မူးဝေခြင်း၊ အကြိမ်ကြိမ်အော့အန်ခြင်း စသည့် ဝေဒနာများခံစားခဲ့ရသည်။

ယင်းဓာတုလက်နက်မျိုးကို မင်းတပ် - မတူပီလမ်းကြား မိုင် ၄၀ တိုက်ပွဲတွင်လည်း သုံးခဲ့ဖူးသည်ဟု CDF မင်းတပ်ကဆိုသည်။

ထိုတိုက်ပွဲတွင် CDF - Mindat ရဲဘော်များ ဓာတုလက်နက်များရှုရှိုက်မိ၍ ကျန်းမာရေးထိခိုက်မှုများရှိသော်လည်း စကစဘက်မှ တစ်ဦးကျဆုံး၍ ၃ ဦးခန့် ဒဏ်ရာရသည်ဟု သိရသည်။

August 5, 2026
ယခင် CDF – Kanpetlet (ယခု CPU / CPA) တပ်ဖွဲ့ဝင်ဖြစ်သည့် ရဲမေ မိုင်သူဇာကို အမျိုးသားညီညွတ်ရေး...
August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...
July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...
July 27, 2026
ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း...