ချင်းပြည်နယ်တွင် အခြေခံပညာကျောင်းအပ်နှံမှု ပထမရက်၌ အပ်နှံသူ ၁,၇၉၆ ဦးရေရှိ

ချင်းပြည်နယ်တွင် အခြေခံပညာကျောင်းအပ်နှံမှု ပထမရက်၌ အပ်နှံသူ ၁,၇၉၆ ဦးရေရှိ

ချင်းပြည်နယ်တွင် ဖွင့်လှစ်ရန်ပြင်ဆင်ထားသော ကျောင်းအပ်နှံရေး ပထမရက် ယမန်နေ့ မေလ ၂၄ ရက်တွင် ကျောင်းသားအပ်နှံသူဦးရေ ၁,၇၉၆ ယောက်ရှိကြောင်း ပြည်နယ်ပညာရေးမှုးထံမှ သိရသည်။

"စာရင်းချုပ်ကတော့ ချင်းပြည်နယ် ၇ မြို့နယ်အတွင်း မူဆင့်က ၉၆၆ ယောက်၊ လယ်ဆင့်က ၆၆၂ ယောက်၊ ထက်ဆင့်က ၁၆၈ ယောက်၊ ဒီနေ့တော့ သိပ်လာမအပ်ကြသေးဘူးထင်တယ်။ ကျောင်းအပ်နှံတဲ့ရက်က ခု မေလ ၃၁ ရက်ထိဆိုဝောာ့၊ နေ့တိုင်းနေ့တိုင်း အဲ့လို အပြောင်းလဲတော့ရှိမှာပေါ့နော်၊ ဟားခါးပညာရေးဘက်ပို့တာကတော့ KG မှာ ၄‌ ယောက်၊ ပထမတန်းက ၄ ယောက်၊ ဒုတိယတန်း ၄ ယောက်၊ တတိယ‌တန်း ၂ ယောက်၊ စတုတ္ထတန်းမှာက ၁၁ ယောက် စုစုပေါင်း မူဆင့်က ၂၅ ယောက်။ လယ်ဆင့်မှာတော့ ဆဌမတန်းမှာ ၁ ယောက်ပဲရှိတယ်၊ ပြီးရင် ၉ တန်းနှင့် ၁၀ တန်းမှာ တစ်ယောက်စီပဲ၊ အဲ့ဒီတော့ စုစုပေါင်းက ၂၈ ယောက်ပေါ့နော်၊ ဟားခါးမြို့မှာ၊ ဖလမ်းမြို့နယ်မှာ လာအပ်တဲ့သူက စုစုပေါင်း မူဆင့် ၂၄၄ ယောက်၊ လယ်အဆင့်က ၁၆၈ ယောက်ပေါ့နော်၊ လယ်ဆင့်ဆိုတာက ၅၊ ၆၊ ၇၊ ၈ ပေါ့နော်။ အဲဒါကတော့ ဖလမ်းမြို့နယ်ပေါ့။ တစ်ခြားမြို့နယ်တွေမှာတော့ တီးတိန်မှာဆို မူဆင့်က ၁၅၆ ယောက်၊ လယ်ဆင့်က ၄၂ ယောက်၊ နောက် ထက်ဆင့်က တစ်ယောက်မှ မရှိဘူး။ တွန်းဇံမြို့က မူဆင့်မှာ ၁၀၇ ယောက်၊ လယ်ဆင့်က ၈၅ ယောက်၊ ထက်ဆင့်က ၁၃ ယောက် အဲ့လိုတွေရှိတယ်။ ပို့တဲ့ထဲမှာ သူတို့မိဘနာမည်တွေမပါဘူးဆိုတော့ ဘယ်သူ့သားသမီးဆိုတာကိုတော့ မသိဘူးပေါ့နော်" ဟု ချင်းပြည်နယ် ပြည်နယ်ပညာရေးမှူးထံမှ သိရသည်။

ချင်းပြည်နယ်တွင် စစ်ကောင်စီဘက်မှ အာဏာမသိမ်းခင် ကျောင်းဆရာ/ဆရာမ အင်အားမှာ ခန့်မှန်းခြေ စုစုပေါင်း ၁၃,၀၀၀ ၀န်းကျင်ရှိခဲ့ပြီး အာဏာသိမ်းပြီးနောက်ပိုင်း CDM ဝင်ထားသော ဆရာ/ဆရာမ စာရင်းမှာ ကန်ပလက်နှင့် မင်းတပ်မြို့တို့၏ စာရင်းမရနိုင်၍ ကျန်သောမြို့၏ CDM ဝင်ထားသူစာရင်းမှာ ခန့်မှန်းခြေ ၇,၀၀၀ နီးပါးခန့်ရှိသည်။

ချင်းပြည်နယ်အတွင်း CDM ဝင်သော ဆရာ/ဆရာမ များမှာ ဟားခါးမြို့မှ အများဆုံးဖြစ်ကြောင်းလည်းသိရသည်။

ယခု ကျောင်းအပ်နှံနေကြသော နာမည်စာရင်းများမှာ ချင်းပြည်နယ်က ၉ မြို့နယ်လုံးမဟုတ်ပဲ ၇ မြို့နယ်မှ စာရင်းများသာဖြစ်ပြီး မင်းတပ်မြို့နှင့် ကန်ပလက်မြို့တို့မပါကြောင်း သိရသည်။

ယင်းမြို့နယ်များအတွင်း အခြေအနေမှာ မြို့တွင်းသို့မဝင်ရဲသည်အထိ ဖြစ်နေကြောင်းလည်း သိရသည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...