ဘင်္ဂလာဒေ့ရှ်မှ မူဆလင်ဒုက္ခသည်များ တရာမဝင်လမ်းကြောင်းမှ မြန်မာနိုင်ငံသို့ ပြန်ဝင်မှုများရှိနေဟုဆို

ဘင်္ဂလာဒေ့ရှ်မှ မူဆလင်ဒုက္ခသည်များ တရာမဝင်လမ်းကြောင်းမှ မြန်မာနိုင်ငံသို့ ပြန်ဝင်မှုများရှိနေဟုဆို

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားခရိုင်၊ အိုကီးယားမြို့နယ်အတွင်းရှိ မူဆလင်ဒုက္ခသည်စခန်းများမှ ဒုက္ခသည်မိသားစု ၅၀ ခန့်သည် လွန်ခဲ့သည့် ၂၁ ရက်အတွင်းက စခန်းများကိုစွန့်ခွာပြီး မြန်မာနိုင်ငံသို့ တရားမဝင်လမ်းကြောင်းမှတစ်ဆင့် မိမိစိတ်သဘောထားနှင့်မိမိ ပြန်သွားကြသည်ဟု အိုကီးယားနယူးစ်သတင်းတွင် မေ ၁၇ ရက်နေ့က သတင်းဖော်ပြသည်။

မြန်မာပြည်သို့ ပြန်သွားကြသူများအထဲတွင် အိုကီးယားမြို့နယ်ရှိ အိမ်အမှတ် ၅၈၄၊ အကွက်အမှတ် အေ A 4A၊ စခန်းအမှတ် ၁၇ (အမည်- Shafiullah Kata) မှ မူဟာမတ်အာယု/Mohammad Ayub (၃၈) နှစ်သည် ဖခင်ဖြစ်သူ ဟာဖီဇူရာဟမန်အပါအဝင် မိသားစု ၄ ဦးနှင့် အတူ မေ ၁၆ ရက်နေ့က မြန်မာပြည်သို့ပြန်သွားကြောင်း ၎င်းသတင်းတွင် ဖော်ပြထားသည်။

မေလ ၁၁ ရက်နေ့ ညနေ ၇ နာရီခန့်ကလည်း စခန်းအမှတ် ၁၄၊ အကွက် ဘီ၊ အိမ်အမှတ် ၃၉၈ မှ အာရှီအုလာ/Asiullah (၅၀) နှစ် အပါအဝင် ၈ ယောက် ပြန်သွားသည်ဟု ဖော်ပြသည်။

မေ ၉ ရက်နေ့လယ်ကလည်း စခန်း အမှတ် (၉) အကွက် အေ၊ အိမ်အမှတ် ၃၉၉ မှ အာလီယက် (၄၂) အပါအဝင် ၄ ယောက် ပြန်သွားပြီး မေလ ၁ ရက်နေ့ကလည်း ပလောင်ခါလီစခန်း အိမ်အမှတ် ၉၆၅ မှ ကာမေးလ်မူစတာဖာ (၄၀) နှစ်အပါအဝင် ၉ ယောက်ပြန်သွားကြောင်း သတင်းတွင် ဖော်ပြထားသည်။

၎င်းပြင် ဘာလူခါလီစခန်း အမှတ် (၉) အကွက် စီ-၁၃ မှ အဘာဒူလ်ရာဟာမန် (၃၅) နှစ်အပါအဝင် ၅ ယောက်ပြန်သွားပြီး မတ်လ ၂၄ ရက်နေ့ကလည်း ကျောင်းဆရာ Nurul Kabir သည် မိသားစု ၈ ယောက်နှင့်အတူ မြန်မာပြည်သို့ ပြန်သွားသည်ဟု သတင်းတွင် ဖော်ပြထားသည်။

၎င်းပြင် ဒုက္ခသည်အများအပြားမှာ စခန်းအများအပြားကနေ မြန်မာနိုင်ငံသို့ ပြန်နေကြကြောင်း၊ ကျန်အများအပြားလည်း မြန်မာပြည်သို့ပြန်ရန် ပြင်ဆင်နေကြသည်ဟု သတင်းတွင် ဖော်ပြသည်။

စခန်းများတွင် သွားလာမှုကန့်သတ်ထားပြီး သံဆူးကြိုးများလည်း ကာရံထားသည့်အကြားက မည့်ကဲ့သို့ပြန်နေကြသည်ကို မသိကြောင်းလည်း ဖော်ပြသည်။

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်များဆိုင်ရာ အကူအညီပေးရေးနှင့် ပြန်ပို့ရေးကော်မရှင်နာ Mohammad Samchu-Ddouzar က ၎င်းကိစ္စနှင့်ပတ်သက်၍ သတင်းမရသေးကြောင်း ပြောကြားသည်။

အဆိုပါသတင်းနှင့်ပတ်သက်ပြီး နိရဉ္စရာမှ မောင်တောခရိုင်အုပ်ချုပ်ရေးမှူးသို့ ဆက်သွယ်မေးမြန်းရန် ကြိုးစားသော်လည်း အစည်းအဝေးတက်နေသည်ဆို၍ အဆက်အသွယ်မရရှိသေးပါ။

ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...