Published
Tuesday, May 25, 2021
ကလေးမြို့ အ.ထ.က (၆) ကျောင်းနံရံထောင့် ဗုံးပေါက်ကွဲ၊ စစ်ကောင်စီတပ်ဖွဲ့မှ သေနတ်များပစ်ဖောက်
စစ်ကိုင်းတိုင်း၊ ကလေးမြို့ အောင်ေဇယျရပ်ကွက် အ.ထ.က (၆) ကျောင်းနံရံအနီးတွင် ယနေ့ မေလ ၂၄ ရက် နံနက် ၉ နာရီခွဲဝန်းကျင်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ သေနတ်ပစ်ဖောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဗုံးပေါက်ကွဲမှုတွင် စစ်ကောင်စီတပ်သားနှစ်ဦး ဒဏ်ရာရရှိသည်ဟု ရပ်ကွက်နေပြည်သူများထံမှ ကြားသိရပါသည်။
လက်ရှိအချိန်တွင် ကျောင်းအနီး စစ်ကောင်စီတပ်သားများရောက်ရှိနေပြီး ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေသည်ဟုလည်း သိရပါသည်။
ဗုံးပေါက်ကွဲသည့် အ.ထ.က (၆) ကျောင်းတွင် Non- CDM အယောက် (၃၀) ရှိပြီး Non - CDM အများဆုံးကျောင်းဟု လူသိများသည့် ကျောင်းလည်းဖြစ်သည်။







