မိုးမောက်မြို့နယ် မြို့သစ်ကျေးရွာ လက်နက်ကြီးကျပြီးမီးလောင်မှုတွင် နေအိမ် (၅) လုံးနှင့် လူတစ်ဦးထိခိုက်

မိုးမောက်မြို့နယ် မြို့သစ်ကျေးရွာ လက်နက်ကြီးကျပြီးမီးလောင်မှုတွင် နေအိမ် (၅) လုံးနှင့် လူတစ်ဦးထိခိုက်

မိုးမောက်မြို့နယ်၊ မြို့သစ်ကျေးရွာတွင် မေလ ၂၁ ရက်နေ့ညပိုင်းက ကျေးရွာအတွင်း လက်နက်ကြီးကျပြီး နေအိမ် (၅) လုံးနှင့် လူတစ်ဦး ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

လက်နက်ကြီးကျပြီး အိမ်ဝင်းတစ်ခုအတွင်းရှိ နေအိမ် (၅) လုံး မီးလောင်ခဲ့ရာ စပါးတင်း ၆၀၀၊ လယ်ယာသုံးထွန်စက်များ၊ ပဲများနှင့် သစ် (၃) တန်ကျော် ဆုံးရှုံးခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

ထိုလက်နက်ကြီးကျပြီးနောက် ကျေးရွာအတွင်းတွင်လည်း KIA နှင့် စစ်ကောင်စီတို့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ပြီး ညသန်းခေါင်အချိန်တွင် တိုက်ပွဲပြီးဆုံးခဲ့သည်ဟုဆိုသည်။

ထို့ပြင် လက်နက်ကြီးများ အပြန်အလှန်ပစ်ခတ်မှုများကြောင့် နမ့်မှော်ချောင်းအနီးရှိ နေအိမ်တစ်လုံးလည်း လက်နက်ကြီးဖြင့်ပစ်ခတ်ခံရပြီး အိမ်ပိုင်ရှင် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ယင်း လက်နက်ကြီးထိမှန်မှုနှင့် မီးလောင်မှုတွင် လက်နက်ကြီးမိုင်းစထိမှန်မှုကြောင့် အမျိုးသမီးတစ်ဦးနှင့် နမ့်မှော်ချောင်းက အမျိုးသားတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

၎င်းတို့ နှစ်ဦးစလုံးကို ဗန်းမော်မြို့စစ်ဆေးရုံတွင် ဆေးကုသနေကြောင်း သိရသည်။

July 4, 2026
ပြည်တွင်း၌ ဓာတ်ဆီနှင့် ဒီဇယ်တစ်လီတာလျှင် ကျပ် ၃,၀၀၀ ကျော်အထိ ဈေးနှုန်းများ ကျဆင်းနေသော်လည်း...
၂၀၂၅ ခုနှစ်က ဧရာဝတီမြစ်ကိုဆန်တက်တဲ့ စက်လှေများကို MDY PDF တပ်က တိုက်ခိုက်စဉ်/ Credit
July 2, 2026
ဧရာဝတီမြစ်ကြောင်းတစ်လျှောက်နဲ့ မြစ်ကမ်းဘေး ၅ မိုင်အတွင်း နေထိုင်တဲ့ စစ်ကိုင်းတိုင်း၊...
July 1, 2026
ဖားကန့်မြို့နယ်၊ဆိပ်မူကျေးရွာအုပ်စု ၊ နမ့်မှော်မှော်ကျေးရွာရှိ မြေစာပုံပြိုကျမှုထဲ...
June 30, 2026
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် တပ်ရင်း(၆)က တပ်ရင်းမှူးဖြစ်တဲ့ ပုလဲမောင်(ခေါ်)ကိုပီတာဟာ...