မြဝတီမြို့တွင် ကျောင်းအပ်စတင်လက်ခံသည့် ပထမနေ့တွင် ကျောင်းအပ်နှံသူ လွန်စွာနည်းပါး

မြဝတီမြို့တွင် ကျောင်းအပ်စတင်လက်ခံသည့် ပထမနေ့တွင် ကျောင်းအပ်နှံသူ လွန်စွာနည်းပါး

ကရင်ပြည်နယ် မြဝတီမြို့တွင် ယနေ့ မေလ ၂၄ ရက်နေ့မှစတင်၍ ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံမှုများ စတင်ဆောင်ရွက်နေပြီး ယနေ့ ကျောင်းအပ်လက်ခံသည့် ပထမနေ့တွင် ယမန်နှစ်များထက်စာလျှင် ကျောင်းအပ်နှံသူ လွန်စွာနည်းပါးကြောင်း တွေ့ရသည်။



စစ်ကောင်စီမှ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းဖွင့်ရက်ကို ဇွန်လ ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်နိုင်ရန် လျာထားပြီး ကျောင်းအပ်လက်ခံခြင်းကို ယနေ့ မေလ ၂၄ ရက်မှ မေလ ၃၁ ရက်နေ့ထိ သတ်မှတ်ထားခြင်းဖြစ်သည်။



ထိုသို့ သတ်မှတ်ထားသည့်အတိုင်း မြဝတီမြို့နယ်အတွင်း ကျောင်းအပ်လက်ခံခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယခင်ပညာသင်နှစ်များက ကျောင်းသား/သူ လူဦးရေ ၂ ထောင်ဝန်းကျင် တက်ရောက်ပညာသင်ကြားခဲ့သည့် အမှတ် ၃ ရပ်ကွက်ရှိ အ.ထ.က ၂ ကျောင်းနှင့် အ.ထ.က ခွဲ (၃) ကျောင်းတို့တွင် ယနေ့ မေလ ၂၄ ရက် ကျောင်းအပ်လက်ခံသည့် ပထမရက်တွင် ကျောင်အပ်နှံသူ ဆယ်ဂဏန်းမျှသာရှိကြောင်း အ.ထ.က ၂ ကျောင်းအုပ်ဆရာကြီး ဦးမိုးကျော်က ပြောသည်။



ယခုနှစ်တွင် နိုင်ငံရေးအခြေအနေ မငြိမ်မသက်မှုကြောင့် ကျောင်းသားမိဘများအနေဖြင့် စိုးရိမ်မှုများရှိနေပြီး ထိုသို့ စိုးရိမ်မှုများမရှိစေရန် ကျောင်းတွင် လုံခြုံရေးတင်းကြပ်ထားသလို ကိုဗစ်ရောဂါကြိုတင်ကာကွယ်ရေး အစီအစဉ်များလည်း ဆောင်ရွက်ထားရှိကြောင်း အ.ထ.က ၂ ကျောင်းအုပ်ဆရာကြီး ဦးမိုးကျော်က ဆက်ပြောသည်။



မြဝတီမြို့ပေါ်ကျောင်းများတွင် ရပ်ကွက်အလိုက် အုပ်ချုပ်ရေးအဖွဲ့များအပြင် တပ်နှင့်ရဲတပ်ဖွဲ့မှ လုံခြုံရေးဖြန့်ကျက်ဆောင်ရွက်ထားပေးသော်လည်း လက်ရှိနိုင်ငံရေးအခြေအနေအရ တစ်စုံတစ်ရာ ဖြစ်ပေါ်လာမည်ကို ကျောင်းသားမိဘများက စိုးရိမ်လျက်ရှိနေသည်။



"ဒီအချိန်က နိုင်ငံရေးကလည်း မငြိမ်သေးဘူး။ ဗုံးပေါက်ကွဲမှုတွေကလည်း နေရာအနှံ့အပြားမှာဖြစ်နေတော့ သားသမီးတွေအတွက် စိတ်အေးရမှာ  မဟုတ်ဘူး။ ဒါကြောင့် ဒီနှစ်ကျောင်းတစ်နှစ်အောင့်ပြီး အခြေအနေကြည့်ကာ နိုင်ငံရေးတည်ငြိမ်လာမှပဲ ကျောင်းပြန်ထားတော့မယ်" ဟု အမည်မဖော်လိုသူ ကျောင်းသားမိဘတစ်ဦးက ပြောသည်။



ကရင်ပြည်နယ် မြဝတီမြို့တွင် အထက်တန်းကျောင်း ၈ ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၅ ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း ၂ ကျောင်းအပါအဝင် ကျောင်းပေါင်း ၁၀၉ ကျောင်းခန့်ရှိသည်။



ယနေ့ ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်နေသော်လည်း ထိုအထဲတွင် ဌာနေတိုင်းရင်းသားလက်နက်ကိုင်ဒေသရှိ ကျောင်းပေါင်း ၁၅ ကျောင်းခန့်တွင်မူ ယခု ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်း ကျောင်းဖွင့်လှစ်နိုင်ခြင်း အခြေအနေ

တွင် မရှိသေးပေ။

Google Map
April 25, 2026
ထိုင်း-ကရင်နယ်စပ်၊ မြဝတီမြို့နယ်က “ထိုက်ချန်”အမည်ရ အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့်ပတ်သက်ပြီး...
April 24, 2026
စစ်အုပ်စုက စစ်ရေးပစ်မှတ်မဟုတ်သော အရပ်သားများ၊ အရပ်သားပြည်သူပိုင်နေရာများကို...
Photo crd- Thai PBS World
April 23, 2026
ထိုင်းနိုင်ငံခြားရေး ဝန်ကြီး Mr. Sihasak Phuangketkeow ၏ မြန်မာနိုင်ငံ၊...
April 22, 2026
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့မှတစ်ဆင့် မဲဆောက်မြို့သို့ နိုင်ငံဖြတ်ကျော်ဝင်လာမည့်...