CNLD ပါတီ အတိုင်ပင်ခံ ဦးနိုးထန်ကပ် တစ်ဦးတည်းသဘောဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် တွေ့ဆုံပွဲတက်ရောက်

CNLD ပါတီ အတိုင်ပင်ခံ ဦးနိုးထန်ကပ် တစ်ဦးတည်းသဘောဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် တွေ့ဆုံပွဲတက်ရောက်

ယမန်နေ့ ၂၀၂၁ မေလ ၂၁ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့သော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများတွေ့ဆုံပွဲတွင် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD) ပါတီ ဗဟိုအလုပ်အမှု‌ဆောင်များမှ မတက်ရောက်ရန် ဆုံးဖြတ်ထား‌သော်လည်း ပါတီအတိုင်ပင်ခံ ဦးနိုးထန်ကပ် ၎င်းတစ်ဦးတည်းသဘောဖြင့် တက်ရောက်ခဲ့ခြင်းဖြစ်သည်ဟု ပါတီဥက္ကဌ ဦးငိုင်ဆာ့ခ်ကဆိုသည်။

"ကျွန်တော်တို့ ကြားတဲ့အတိုင်းဆိုရင်တော့ CNLD ပါတီ အတိုင်ပင်ခံ ဦးနိုးထန်ကပ်ပေါ့၊ သူ ဒီနေ့အစည်းဝေးကို တက်ရောက်တယ်လို့ သိရတယ်။ သူ့ကို အဲ့အစည်းဝေးမတက်ဖို့ ပြောလည်းပြောပြပါတယ်၊ ပြီးရင် စာနဲ့လည်းပို့ပါတယ်၊ ဒါမယ့် သူဘာကြောင့်မို့ အဲ့အစည်းဝေးကို တက်ဖြစ်သလဲ ဆိုတာကိုတော့ ကျွန်တော်တို့လည်း လုံးဝမသိပါဘူး၊ ကျွန်တော်တို့လည်း ခုလိုက်စုံစမ်းနေဆဲပါ၊ ပြီးရင် ကျွန်တော်တို့ တစ်ခုခုသိခဲ့သည်ရှိသော်် ကျွန်တော်တို့ CNLD လူမှုကွန်ယက်မှာ သတင်းထုတ်ပြန်မှာပါ" ဟု CNLD ပါတီ ဥက္ကဌဖြစ်သူ ဦးငိုင်ဆာ့ခ်မှ ပြောသည်။

ယမန်နေ့အစည်းအဝေးနှင့်ပတ်သက်ပြီး ပါတီအတိုင်ပင်ခံ ဦးနိုးထန်ကပ်ကို ဖုန်းဆက်မေးမြန်းရန် ကြိုးစားသော်လည်း ဖုန်းစက်ပိတ်ထားခြင်းကြောင့် မေးမြန်းခွင့်မရခဲ့ပေ။

ယမန်နေ့ပြုလုပ်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများတွေ့ဆုံပွဲတွင် နိုင်ငံရေးပါတီပေါင်း ၅၉ ပါတီ တက်ရောက်ခဲ့ပြီး လာမည့်နှစ် ရွေးကောက်ပွဲတွင် အချိုးကျကိုယ်စားပြုစနစ် PR စနစ်ကို အသုံးပြုသင့်၊ မသင့် ဆွေးနွေးခြင်း စသည့်အချက်များအပါအဝင် ဆွေးနွေးခဲ့‌ကြကြောင်း သိရသည်။

August 5, 2026
ယခင် CDF – Kanpetlet (ယခု CPU / CPA) တပ်ဖွဲ့ဝင်ဖြစ်သည့် ရဲမေ မိုင်သူဇာကို အမျိုးသားညီညွတ်ရေး...
August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...
July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...
July 27, 2026
ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း...