ရေဇွာမြို့မှ non-CDM ဝန်ထမ်းများကို CDF - ဇိုတုန်အဖွဲ့မှ အထူးသတိပေးထား

ရေဇွာမြို့မှ non-CDM ဝန်ထမ်းများကို CDF - ဇိုတုန်အဖွဲ့မှ အထူးသတိပေးထား

ဇိုတုန်နယ်၊ ရေဇွာမြို့ (ရေဇဝါမြို့) ပေါ်ရှိ non-CDM ဝန်ထမ်းများ အမြန်ဆုံးထွက်ခွာသွားရန်နှင့် အကြမ်းဖက်စစ်ကောင်စီနှင့် အကျိုးတူလုပ်ငန်းများကို ဆက်လက်လုပ်ကိုင်နေပါက လက်ငင်းချက်ခြင်း တုန့်ပြန်မှုများ ဆောင်ရွက်သွားမည်ဟု CDF - ဇိုတုန်မှ မေလ ၂၁ ရက်နေ့တွင် ထုတ်ပြန်ထားပါသည်။

အဆိုပါထုတ်ပြန်ချက်ထဲတွင် စစ်ကောင်စီ၏ ယန္တရားများ လည်ပတ်နိုင်ရေးအတွက် ရေဇွာမြို့ပေါ်တွင်တည်ရှိသည့် ဆောက်လုပ်ရေးဝန်ကြီးဌာန လက်အောက်ရှိ လမ်းဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသော non - CDM သမားများနှင့် အလုပ်သမားများသည် စစ်ကောင်စီအဖွဲ့နှင့်  အကျိုးတူ လုပ်ကိုင်ဆောင်ရွက်လျှက်ရှိကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီအဖွဲ့နှင့် လုပ်ကိုင်ဆောင်ရွက်နေသူများအနေဖြင့် အသိပေးစာများကို လိုက်နာမှုမရှိပါက အသက်နှင့်ညီမျှသော တုန့်ပြန်မှုများ ဆောင်ရွက်သွားမည်ဟု CDF - ဇိုတုန်က ထုတ်ပြန်ကြေညာထားပါသည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...