ရေဇွာမြို့မှ non-CDM ဝန်ထမ်းများကို CDF - ဇိုတုန်အဖွဲ့မှ အထူးသတိပေးထား

ရေဇွာမြို့မှ non-CDM ဝန်ထမ်းများကို CDF - ဇိုတုန်အဖွဲ့မှ အထူးသတိပေးထား

ဇိုတုန်နယ်၊ ရေဇွာမြို့ (ရေဇဝါမြို့) ပေါ်ရှိ non-CDM ဝန်ထမ်းများ အမြန်ဆုံးထွက်ခွာသွားရန်နှင့် အကြမ်းဖက်စစ်ကောင်စီနှင့် အကျိုးတူလုပ်ငန်းများကို ဆက်လက်လုပ်ကိုင်နေပါက လက်ငင်းချက်ခြင်း တုန့်ပြန်မှုများ ဆောင်ရွက်သွားမည်ဟု CDF - ဇိုတုန်မှ မေလ ၂၁ ရက်နေ့တွင် ထုတ်ပြန်ထားပါသည်။

အဆိုပါထုတ်ပြန်ချက်ထဲတွင် စစ်ကောင်စီ၏ ယန္တရားများ လည်ပတ်နိုင်ရေးအတွက် ရေဇွာမြို့ပေါ်တွင်တည်ရှိသည့် ဆောက်လုပ်ရေးဝန်ကြီးဌာန လက်အောက်ရှိ လမ်းဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသော non - CDM သမားများနှင့် အလုပ်သမားများသည် စစ်ကောင်စီအဖွဲ့နှင့်  အကျိုးတူ လုပ်ကိုင်ဆောင်ရွက်လျှက်ရှိကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီအဖွဲ့နှင့် လုပ်ကိုင်ဆောင်ရွက်နေသူများအနေဖြင့် အသိပေးစာများကို လိုက်နာမှုမရှိပါက အသက်နှင့်ညီမျှသော တုန့်ပြန်မှုများ ဆောင်ရွက်သွားမည်ဟု CDF - ဇိုတုန်က ထုတ်ပြန်ကြေညာထားပါသည်။

August 5, 2026
ယခင် CDF – Kanpetlet (ယခု CPU / CPA) တပ်ဖွဲ့ဝင်ဖြစ်သည့် ရဲမေ မိုင်သူဇာကို အမျိုးသားညီညွတ်ရေး...
August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...
July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...
July 27, 2026
ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း...