လမိုင်းမြို့နှင့် မော့ကနင်ကျေးရွာတို့တွင် ဗုံး ၃ လုံးပေါက်ကွဲ၊ မပေါက်ကွဲသေးသည့် လက်လုပ်ဗုံးတစ်လုံး သိမ်းဆည်းရမိ

လမိုင်းမြို့နှင့် မော့ကနင်ကျေးရွာတို့တွင် ဗုံး ၃ လုံးပေါက်ကွဲ၊ မပေါက်ကွဲသေးသည့် လက်လုပ်ဗုံးတစ်လုံး သိမ်းဆည်းရမိ

ရေးမြို့နယ် လမိုင်းမြို့နှင့် မော့ကနင်ကျေးရွာရှိ အထက်တန်းကျောင်း ၂ ကျောင်းနှင့် လမိုင်းမြို့ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးတို့တွင် မေလ ၂၀ ရက်နေ့ ညပိုင်းအချိန်က မိနစ်အနည်းငယ်စီခြား၍ ဗုံး ၃ လုံးပေါက်ကွဲခဲ့ပြီး လမိုင်းအထကတွင် မပေါက်ကွဲသေးသည့် လက်လုပ်ဗုံးတစ်လုံးကိုလည်း သက်ဆိုင်ရာမှ သိမ်းဆည်းရမိကြောင်း သိရသည်။

“အရင်ဦးဆုံး လမိုင်းအထကမှာပေါက်တယ် မြေကြီးတုန်ပြီး အသံအကျယ်ကြီးကြားရတယ်၊ အထက်တန်းကျောင်းကို ကျနော်တို့သွားကြည့်တဲ့အချိန်မှာ ရဲတွေလုံခြုံရေးတွေ ရောက်နေပြီ၊ မပေါက်ကွဲသေးတဲ့ လက်လုပ်ဗုံးတစ်လုံး တွေ့ရတယ်” ဟု ပေါက်ကွဲမှုအပြီး ဖြစ်စဉ်ကို သွားရောက်လေ့လာသူ လမိုင်းမြို့ခံတစ်ဦးက ပြောသည်။

ပေါက်ကွဲမှုကြောင့် လမိုင်းအထက်တန်းကျောင်း ပြူတင်းပေါက်တံခါး ၃ ချပ် ပွင့်ထွက်၍ မှန်ဘောင်များကွဲပြီး ရေပိုက်ပေါက်သွားကြောင်း ၎င်းက ဆိုသည်။

၎င်းက “နောက်တော့ မြို့အုပ်ချုပ်ရေးမှူးရုံးမှာ ဗုံးတစ်လုံးထပ်ပေါက်ပြန်တယ် တံခါးပွင့်ထွက်သွားတယ် ရုံးကာထားတဲ့ သံချောင်းတွေကွေးကောက်သွားတယ်၊ နောက်တစ်ခါ မော့ကနင်အထက်တန်းကျောင်းမှာ တစ်လုံးထပ်ပေါက်ပြန်တယ်၊ အနောက်ဖက်ခြမ်း ကျောင်းအဝင်ဝနေရာ ခြံတံခါးမှာ ဗုံးတပ်ထားတာလို့ ယူဆရတယ်၊ ပေါက်ကွဲမှုနဲ့အတူ ကျောင်းဆောင်အပေါ်ထပ် လေကာမှန် ၄ ချပ်၊ အောက်ထပ် ၂ ချပ်ကွဲသွားတယ်” ဟု ဆက်ပြောသည်။

သို့ရာတွင် အဆိုပါပေါက်ကွဲမှုဖြစ်စဉ်များကြောင့် မည်သူတစ်ဦးတစ်ယောက်မှ ထိခိုက်ဒဏ်ရာရရှိသည်ကို မကြားသိရကြောင်း ၎င်းကဆိုသည်။

အလားတူ ရေးမြို့နယ် ကျောင်းရွာ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင်လည်း မေလ ၁၉ ရက်နေ့ ညဦးပိုင်းက ဗုံးပေါက်ကွဲသဖြင့် အုပ်ချုပ်ရေးမှူးအပါအဝင် လူလေးယောက် ထိခိုက်ဒါဏ်ရာရရှိခဲ့ပြီး မော်လမြိုင်စစ်ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။

Photo: လမိုင်းအထကတွင်တွေ့ရသည့် မပေါက်ကွဲသေးသည့်လက်လုပ်မိုင်း (CJ)

မွန်ပြည်အတွင်း ရောင်းချနေသည့် ထိုင်းကုန်ပစ္စည်းအချို့ / Crd
September 9, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်တွင် တရားမဝင် ထိုင်းကုန်ပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ်...
မောတောင်မြို့အဝင် ဆိုင်းဘုတ် / Crd
September 9, 2026
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မောတောင်မြို့နှင့် မောတောင်–ထုံခါး လမ်းပိုင်းတစ်လျှောက်တွင်...
September 8, 2026
မွန်ပြည်၊ ရေးမြို့နယ် မြောက်ပိုင်းကျေးရွာအချို့တွင် စစ်အုပ်စုတပ် စစ်ကြောင်းများက ၎င်းတို့...
September 7, 2026
မိုးစပါးအသစ်မပေါ်မီ စက်တင်ဘာလဆန်းပိုင်းအတွင်း မွန်ပြည်တွင် စပါးအမျိုးအစားအားလုံး ဈေးနှုန်း ဆက်...