လက္ခဏကျေးရွာတွင် ဖမ်းဆီးခံရသည့် လူငယ် ၇ ဦးတွင် အသက် ၁၈ နှစ်မပြည့်သည့် လူငယ်တစ်ဦးပါဝင်

လက္ခဏကျေးရွာတွင် ဖမ်းဆီးခံရသည့် လူငယ် ၇ ဦးတွင် အသက် ၁၈ နှစ်မပြည့်သည့် လူငယ်တစ်ဦးပါဝင်

ကရင်ပြည်နယ်၊ ဖားအံမြို့နယ် လက္ခဏကျေးရွာတွင် စစ်ကောင်စီ၏ ဖမ်းဆီးခံခဲ့ရသည့် လူငယ် ၇ ဦးတွင် အသက် ၁၈ နှစ်မပြည့်သေးသည့် လူငယ်တစ်ဦးပါဝင်ကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ ၁၉ ရက်နေ့ နံနက် ၂ နာရီဝန်းကျင်တွင် အဆိုပါ လူငယ် ၇ ဦး အဖမ်းဆီးခံရမှုတွင်ပါဝင်သည့် လူငယ်တစ်ဦး၏ ငါးမွေးမြူရေးခြံတွင် ငါးဖမ်းပြီးပြန်အလာ စစ်ကောင်စီမှ အကြောင်းပြချက်မရှိဘဲ နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၈ နှစ်မပြည့်သေးသည့် လူငယ်တစ်ဦးပါဝင်သည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ နီးစပ်သူတစ်ဦးက ပြောသည်။

၎င်းက "၁၉ ရက်နေ့ မနက် ၂ နာရီလောက်မှာ လာဖမ်းတယ်။ လက္ခဏက လူငယ် ၇ ယောက်ပေါ့နော်။ ၇ ယောက်မှာ အသက် ၁၈ နှစ်မပြည့်သေးတဲ့သူ တစ်ယောက်ပါတယ်။ ဘာလို့လာဖမ်းတာလဲတော့ သေချာမသိဘူးပေါ့နော်။ ပါသွားတဲ့ကောင်လေးရဲ့ ငါးမွေးမြူရေးခြံမှာ ငါးဖမ်းပြီးပြန်လာမှ လာဖမ်းသွားတာ။ သူတို့က နိုင်ငံရေးလှုပ်ရှားသူတွေတော့ မဟုတ်ဘူး။ သူတို့က မီးလိုက်ရိုက်တဲ့အဖွဲ့ပဲ။ ဖမ်းသွားတာ ယောက်ျားလေးတွေသက်သက်ပဲ" ဟု မေလ ၂၁ ရက်နေ့တွင် ကေအိုင်စီသို့ ပြောသည်။

ထိုလူငယ် ၇ ဦးသည် လျှပ်စစ်မီး လိုက်လံတပ်ဆင်ပေးသူများဖြစ်ပြီး အဆိုပါ လူငယ် ၇ ဦး ပြန်လည်လွတ်မြောက်ရေးအတွက် ရှေ့နေများနှင့် ချိတ်ဆက်ပေးလျက်ရှိပြီး လာမည့် ဇွန်လ ၃ ရက်နေ့တွင် ၎င်းတို့ကို ရုံးထုတ်မည်ဟု သိရသည်။

ကရင်ပြည်နယ် ဖားအံမြို့တွင် စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက် အဖမ်းဆီးခံရသည့် လူငယ် ၁၀၀ ဦးကျော်ရှိပြီဖြစ်ပြီး ထိုအထဲတွင် အသက်မပြည့်သေးသူများမှလွဲ၍ ယခုအချိန်ထိ ပြန်လည်လွတ်မြောက်လာသူ မရှိသေးကြောင်း သိရသည်။

Photo : SHRF
May 20, 2026
ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) ထိန်းချုပ်သည့် ရှမ်း-တရုတ်နယ်စပ်၊...
May 19, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၆)၊ ဒူးပလာယာခရိုင်အတွင်း ကွမ်းသီးခြောက် ဝယ်လိုအားနှင့်...
May 18, 2026
စစ်အုပ်စုသတ်မှတ်ထားသည့် စက်သုံးဆီရောင်းချမှုစနစ်နှင့် မှောင်ခိုလောင်စာဆီဈေးကွက်တွင် ဆီဈေး နှစ်ဆ...
May 16, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်စစ်အုပ်စုက အုပ်ချုပ်ရေးမှူးများမှတဆင့်‌...