သံတောင်ကြီးတွင် အခြေခံပညာရေးဝန်ထမ်း ၈၅၁ ဦး တာဝန်မှ ယာယီရပ်ဆိုင်းခံရ

သံတောင်ကြီးတွင် အခြေခံပညာရေးဝန်ထမ်း ၈၅၁ ဦး တာဝန်မှ ယာယီရပ်ဆိုင်းခံရ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်အတွင်းရှိ အခြခံပညာရေးကျောင်းများမှ ဝန်ထမ်း ၈၅၁ ဦးကို မေလတတိယအပတ်အတွင်း တာဝန်မှ ယာယီရပ်ဆိုင်းလိုက်ကြောင်း မြို့နယ်အတွင်းရှိ ပညာရေးအသိုင်းအဝိုင်းက ပြောသည်။

"သံတောင်ကြီး တမြို့နယ်လုံးမှာ ပညာရေးအပိုင်းမှာ ၈၅၁ ဦးရှိတယ်လို့ စာထွက်လာတာတွေ့ရတယ်" ဟု အမည်မဖော်လိုသည့် ပညာရေးအသိုင်းအဝိုင်းမှ လူတဦးက ပြောသည်။

ယခုလို တာဝန်မှ ယာယီရပ်ဆိုင်းရခြင်းမှ ပညာရေးဝန်ထမ်းများသည် ခွင့်စည်းကမ်းဖောက်ဖျက်ပြီး ခွင့်မဲ့ပျက်ကွက်ခြင်း၊ လုံလောက်သော အကြောင်းပြချက်မရှိဘဲ တာဝန်ချိန်ပျက်ကွက်နေသူများဖြစ်ကြောင်း ဆိုင်ရာဌာန၏ တာဝန်မှ ယာယီရပ်ဆိုင်းစာတွင် ဖော်ပြထားသည်။

အဆိုပါ တာဝန်မှရပ်ဆိုင်းခံရသည့် အခြေခံပညာရေးဝန်ထမ်းများထဲတွင် သင်ကြားရေးပိုင်းတွင်ပါဝင်သည့် ဆရာ၊ ဆရာမများအပြင် ကျောင်းစီမံခန့်ခွဲရေးအပိုင်းတွင်ပါဝင်သူ ယာဥ်မောင်းများ၊ ကျောင်းစောင့်များ၊ ရုံးဝန်ထမ်းများလည်း ပါဝင်ကြောင်း သိရသည်။

ယုခုလို တာဝန်မှ ယာယီရပ်ဆိုင်းခံရသူများအားလုံးသည် CDM လှုပ်ရှားမှုတွင်ပါဝင်ခြင်း ဟုတ်/မဟုတ်ကိုမှု ကေအိုင်စီက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

လက်ရှိတွင် ကိုဗစ်ရောဂါကြောင့် တနှစ်ကြရပ်နားထားသည့် အခြေခံပညာရေးကျောင်းများကို လာမည့် ဇွန်လဆန်းပိုင်းတွင် တပြိုင်တည်း ပြန်ဖွင့်ရန်စီစဥ်ထားကြောင်း သိရသည်။

Photo : SHRF
May 20, 2026
ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) ထိန်းချုပ်သည့် ရှမ်း-တရုတ်နယ်စပ်၊...
May 19, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၆)၊ ဒူးပလာယာခရိုင်အတွင်း ကွမ်းသီးခြောက် ဝယ်လိုအားနှင့်...
May 18, 2026
စစ်အုပ်စုသတ်မှတ်ထားသည့် စက်သုံးဆီရောင်းချမှုစနစ်နှင့် မှောင်ခိုလောင်စာဆီဈေးကွက်တွင် ဆီဈေး နှစ်ဆ...
May 16, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်စစ်အုပ်စုက အုပ်ချုပ်ရေးမှူးများမှတဆင့်‌...