ရွေးကောက်ပွဲကော်မရှင်အစည်းအဝေးသို့ CNLD မတက်ရောက်ဟု ထုတ်ဖော်ပြောဆို

ရွေးကောက်ပွဲကော်မရှင်အစည်းအဝေးသို့ CNLD မတက်ရောက်ဟု ထုတ်ဖော်ပြောဆို

မနက်ဖြန် မေလ ၂၁ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပမည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အစည်းအဝေးသို့ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် (CNLD) မှ တက်ရောက်မည်မဟုတ်ကြောင်း သိရသည်။

CNLD ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းအောင်လိန်းမှ "လက်ရှိနိူင်ငံရေးအခြေအနေ အခက်အခဲ၊ CEC စုံညီအစည်းအဝေးခေါ်ယူဖို့ အခက်အခဲတွေကြောင့် ရှိတဲ့သူတွေအနေနဲ့ မတက်ရောက်သင့်ကြောင်း ဆုံးဖြတ်ကြပါတယ်" ဟု ပြောသည်။

လက်ရှိတွင် ဦးကိုကိုကြီးဦးဆောင်သည့် ပြည်သူ့ပါတီမှာ တက်ရောက်မည်ဟု ထုတ်ဖော်ပြောကြားထားသလို၊ အခြားတိုင်းရင်းသားပါတီများဖြစ်ကြသော ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ ရခိုင်အမျိုးသားပါတီ (ANP) နှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချူပ် (ALD) စသည်တို့မှာ တက်ရောက်မည်မဟုတ်ဟု ထုတ်ပြန်ထားကြသည်။

စစ်အာဏာသိမ်းပြီးနောက် အသစ်ဖွဲ့စည်းသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ယခုတကြိမ်အပါအဝင် နှစ်ကြိမ် အစည်းအဝေးခေါ်ယူခဲ့ပြီး ပထမအကြိမ်တွင်လည်း ချင်းပါတီများထဲမှ အများစုမှာ မတက်ရောက်ခဲ့ပဲ ZNRDP ဇိုပါတီတခုသာလျှင် တက်ရောက်ခဲ့သည်။

August 5, 2026
ယခင် CDF – Kanpetlet (ယခု CPU / CPA) တပ်ဖွဲ့ဝင်ဖြစ်သည့် ရဲမေ မိုင်သူဇာကို အမျိုးသားညီညွတ်ရေး...
August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...
July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...
July 27, 2026
ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း...