အာဏာသိမ်းစစ်ကောင်စီ၀င် လေတပ်အကြီးအကဲဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ရုရှားသို့ သွားရောက်မည်

အာဏာသိမ်းစစ်ကောင်စီ၀င် လေတပ်အကြီးအကဲဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ရုရှားသို့ သွားရောက်မည်

အာဏာသိမ်းစစ်ကောင်စီ၏ အဖွဲ့၀င်တစ်ဦးဖြစ်သည့် ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးမောင်မောင်ကျော် ဦးဆောင်သည့် စစ်ဘက်ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့သည် မေလ ၂၀ ရက်တွင် ရုရှားနိုင်ငံ မော်စကိုသို့ သွားရောက်မည်ဖြစ်ကြောင်း မြန်မာသံရုံးကိုယ်စားလှယ်တစ်ဦးက The Moscow Times ကို ပြောသည်။

အဆိုပါခရီးစဉ်၏ တစ်စိတ်တစ်ဒေသအဖြစ် ကိုယ်စားလှယ်အဖွဲ့သည် ရုရှားနိုင်ငံ၏ အကြီးဆုံးသော ရဟတ်ယာဉ်ပြပွဲ HeliRussia ကို တက်ရောက်ရန် စီစဉ်ထားကြောင်း သိရသည်။

ထိုရဟတ်ယာဉ်ပြပွဲကို မေလ ၂၀ ရက်မှ ၂၂ ရက်အထိ မော်စကိုတွင် ပြုလုပ်မည်ဖြစ်သည်။

မော်စကိုရှိ Crocus စင်တာတွင်ကျင်းပမည့် ပြပွဲတွင် နောက်ဆုံးထုတ် Ka-52 နှင့် Mi-28NE တိုက်ခိုက်ရေးရဟတ်ယာဥ်များကို ထည့်သွင်းပြသရန် စီစဉ်ထားကြောင်း နိုင်ငံပိုင် လက်နက်တင်ပို့ရောင်းချရေးဌာန Rosoboronexport က မေလ ၁၉ ရက်တွင် ပြောသည်။

ပြပွဲတွင် တက်ရောက်ရန်ရှိသည့် နိုင်ငံပေါင်း ၅၀ ကျော်တွင် မြန်မာလည်း တစ်နိုင်ငံအဖြစ်ပါ၀င်ကြောင်း HeliRussia ၏ ကိုယ်စားလှယ်တစ်ဦးက အတည်ပြုသည်။

သို့သော် စစ်ဘက်ကိုယ်စားလှယ်အဖွဲ့ တက်ရောက်မည်လား၊ မတက်ရောက်ဘူးလားဆိုသည်ကို ၎င်းက ပြောဆိုရင်း ငြင်းဆန်ခဲ့သည်။

ရုရှားကာကွယ်ရေး၀န်ကြီးဌာနကတော့ မြန်မာစစ်ဘက်ပုဂ္ဂိုလ်များနှင့် တွေ့ဆုံမည့် အစည်းအဝေး ရှိ/မရှိကို လူသိရှင်ကြား ထုတ်ဖော်ထားခြင်းမရှိပေ။

မော်စကိုရှိ မြန်မာစစ်သံမှူးက ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်၏ ခရီးစဉ်ကို အီးမေးလ်ဖြင့် အတည်ပြုခဲ့ပြီး ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်၏ ခရီးစဉ်အတွင်း လုပ်ဆောင်စရာများ အချိန်နှင့်အပြည့်ရှိနေသည်ဟုလည်း ပြောခဲ့သည်။

ကိုယ်စားလှယ်အဖွဲ့တွင် အမေရိကန်၏ ပိတ်ဆို့မှုခံထားရသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင် ဦးတေဇလည်း လိုက်ပါလိမ့်မည်ဟု ဧရာ၀တီသတင်းဌာနက ဖော်ပြခဲ့သည်။

ယင်းနှင့်ပတ်သက်၍ The Moscow Times က သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။

မြန်မာနိုင်ငံတွင် အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းပြီး စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် ရုရှားသည် အာဏာသိမ်းစစ်အုပ်စုကို ဆက်လက်ထောက်ခံပေးထားခဲ့သည်။

ပြီးခဲ့သည့် မတ်လက ရုရှား ဒု-ကာကွယ်ရေး၀န်ကြီး အလက်ဇန္ဒားဖိုမင်သည် မြန်မာသို့လာရောက်ခဲ့ပြီး ယင်းသည် အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံသို့ ပြည်ပမှ အဆင့်မြင့်အရာရှိတစ်ဦး ပထမဆုံးလာရောက်သည့် ခရီးစဉ်လည်းဖြစ်ခဲ့သည်။

ရုရှားနှင့် မြန်မာအကြား အလုံးစုံကုန်သွယ်မှုသည် နည်းပါးနေသည်ဆိုသော်လည်း နှစ်နိုင်ငံသည် မကြာသေးခင်ကာလအတွင်း စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ထားပြီး ရုရှားသည် ယခုအခါ တရုတ်ပြီးလျင် မြန်မာသို့ ဒုတိယမြောက် အကြီးဆုံးလက်နက်တင်ပို့သူနိုင်ငံ ဖြစ်နေသည်။

March 19, 2026
မြန်မာနိုင်ငံကူးလက်မှတ် (ပက်စ်ပို့) လုပ်ခွင့်အပေါ် ငြင်းပယ်နိုင်သည့် အချက်များပါဝင်သည့်...
March 18, 2026
အတုအယောင်အဖြစ် ဝေဖန်ခံထားရသည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲအပြီး ယနေ့ (မတ် ၁၈) တွင် ကျင်းပသည့်...
ရုရှားနိုင်ငံထုတ် စစ်ကော်မရှင်၏တိုက်လေယာဉ်အသစ်များကို အာဏာသိမ်းပြီးကာလမှာ တွေ့ရစဉ်(ပုံအဟောင်း-AFP)
March 17, 2026
ဓာတု — မန္တလေးတိုင်း၊ မြင်းခြံခရိုင်ရှိ မြင်းခြံနှင့်နွားထိုးကြီးမြို့နယ်တို့တွင် နှစ်လတာအတွင်း...
ဓာတ်ပုံ - ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်အဖွဲ့ဝင် သုံးဖွဲ့မှ တပ်သားများကို အတူတကွ တွေ့ရစဥ် ။
March 16, 2026
မောင်ခက်နွေ — ညီနောင်မဟာမိတ် အဖွဲ့ဝင်များ ဖြစ်သည့် MNDAA နှင့် TNLA တို့အကြား ဖြစ်ပွားနေသည့်...