ရခိုင်ပြည်နယ် ဘေးစီမံဦးစီးအရာရှိ ဦးရဲမင်းဦး ရာထူးမှထုတ်ပယ်ခံရ

ရခိုင်ပြည်နယ် ဘေးစီမံဦးစီးအရာရှိ ဦးရဲမင်းဦး ရာထူးမှထုတ်ပယ်ခံရ

ရခိုင်ပြည်နယ်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရဲမင်းဦးအား ရာထူးမှထုတ်ပယ်လိုက်သည်ဟု သတင်းရရှိသည်။

ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝင်းက မေ ၁၈ ရက်နေ့စွဲဖြင့် လက်မှတ်ရေးထိုးထုတ်ပြန်ထားသည့်စာတွင် ဦးရဲမင်းဦးသည် ပြီးခဲ့သော ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှစ၍ ခွင့်မဲ့ပျက်ကွက်ခဲ့သည့်အတွက် “ရာထူးမှ ထုတ်ပယ်ခြင်း (Removal)” ပြစ်ဒဏ် ချမှတ်လိုက်သည်ဟု ပါရှိသည်။

ဝန်ထမ်းများအား ရာထူးမှထုတ်ပယ်ခြင်းတို့မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လုပ်လေ့လုပ်ထရှိသော အလုပ်ဖြစ်သည့်အတွက် ရာထူးမှထုတ်ပယ်လိုက်ခြင်းအပေါ် ဂရုစိုက်စရာအကြောင်းမရှိဟု ကာယကံရှင်ဖြစ်သူ ဦးရဲမင်းဦးက ပြောသည်။

“ထူးထူးခြားခြားတော့မဖြစ်ပါဘူး။ ဒီကိစ္စကတော့ အာဏာသိမ်းစစ်ကောင်စီက လုပ်လေ့လုပ်ထရှိတဲ့ အလုပ်တွေပါ။ အဲဒီအတွက်တော့ ဂရုစိုက်စရာအကြောင်းတော့ မရှိပါဘူး” ဟု ပြောသည်။

ဦးရဲမင်းဦးအနေဖြင့် ပစ်ဒဏ်နှင့်စပ်လျဉ်း၍ ကျေနပ်မှုမရှိပါက အမိန့်စာလက်ခံရရှိသည့်နေမှစ၍ (၆) လအတွင်း နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ ၂၂၀၊ ၂၂၁ တို့ပါ ပြဋ္ဌာန်းချက်များနှင့်အညီ အယူခံလွှာ တင်သွင်းနိုင်သည်ဟုလည်း ရေးသားထားသော်လည်း အယူခံဝင်တော့မည်မဟုတ်ဟု သူကဆက်ပြောသည်။

“၆ လအတွင်း အယူခံလွှာတင်လို့ရတယ်ဆိုတာက တော်တော် ရယ်စရာကောင်းတယ်။ အဲဒီအပေါ်မှာ ကျနော်တို့က အယူခံဝင်တာတွေ၊ ဘာတွေ လုပ်နေမှာ မဟုတ်တော့ဘူး” ဟု ပြောသည်။

August 7, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့ပေါ် ရပ်ကွက်ငါးခုနှင့် ကျေးရွာ ၁၀၆ ရွာတို့တွင် ဩဂုတ်လ ၆ ရက်နေ့အထိ...
August 6, 2026
ရခိုင်ပြည်၊ ဂွနှင့် သံတွဲမြို့နယ်တို့၏ ကောင်းကင်ယံတွင် စစ်တပ်၏ လေယာဉ်များ...
August 4, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်တွင် စစ်ဘေးရှောင်နေကြသည့် ရေလုပ်သားများသည် ပင်လယ်ပြင်တွင် ငါးရှာ...
August 3, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့ရှိ ဂျိတ္တောရပ်ကွက်အပြင် ကျောက်ဖြူမြို့နယ်၊ စနဲမြို့ကိုလည်း...