KNU ဖားအံ ခရိုင်ခေါင်းဆောင်ဥက္ကဌနေရာ အပြောင်းအလဲမရှိ ပြန်လည်ရွေးချယ်

KNU ဖားအံ ခရိုင်ခေါင်းဆောင်ဥက္ကဌနေရာ အပြောင်းအလဲမရှိ ပြန်လည်ရွေးချယ်

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ခရိုင်အဆင့် ၄ နှစ်တစ်ကြိမ်ပြုလုပ်သည့် (၁၁) ကြိမ်မြောက် ဖားအံခရိုင် ကွန်ဂရက်အစည်းအဝေး၏ ရွေးကောက်ပွဲ၌ ခရိုင်ခေါင်းဆောင်ဥက္ကဌ အပြောင်းအလဲမရှိ ပြန်လည်ရွေးချယ်ခံခဲ့ရကြောင်း သိရသည်။

ယနေ့ မေလ ၁၉ ရက်နေ့တွင် ကွန်ဂရက်၏ နောက်ဆုံးနေ့၌ ခရိုင်၊ မြို့နယ်နှင့် ကျေးရွာအုပ်စုအဆင့် တက်ရောက်လာသည့် ကိုယ်စားလှယ်များမှ ဒီမိုကရေစီနည်းအရ ခရိုင်အဆင့် ကြီးလေးကြီးကို ပြန်လည်ရွေးကောက်ရာတွင် တွဲဖက်အတွင်းရေးမှူး စောဂေထူးမှလွဲ၍ ခရိုင်ဥက္ကဌ ပဒိုစောအောင်မော်အေးနှင့် အတွင်းရေးမှူး ပဒိုစောဘာဒီဖိုးတို့ ပြန်လည်ရွေးချယ်ခံရခြင်းဖြစ်ပြီး တပ်မဟာမှူး ဗိုလ်မှူးချုပ်စောဂျော်ဖြူအနေဖြင့် ခရိုင်ဖွဲ့စည်းပုံအရ ရွေးကောက်ခံစရာမလိုဘဲ ခရိုင်ဒု-ဥက္ကဌအနေဖြင့် ဆက်လက်တည်ရှိနေခြင်းဖြစ်သည်။

ခရိုင်၏ အမြဲတမ်းကော်မတီ ၃၁ ဦးကို ကနဦး ပြန်လည်ရွေးချယ်ခဲ့ပြီး ခရိုင်၏ ကြီးလေးကြီးမှ ကြီးသုံးကြီးဖြစ်သည့် ဥက္ကဌ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးတို့ကို လျှို့ဝှက်မဲစနစ်ဖြင့် ပြန်လည်ရွေးချယ်ခဲ့ပြီးနောက် အလုပ်အမှုဆောင်ကော်မတီဝင် (၉) ဦးနှင့် ဌာနဆိုင်ရာ ခေါင်းဆောင် ၉ ဦးကို ကြီးလေးကြီးမှ ထပ်မံရွေးချယ်ခဲ့ပြီး အဆိုပါ အလုပ်အမှုဆောင် (၉) ဦးတွင် လူအပြောင်းအလဲပြုလုပ်ခဲ့ကြောင်း သိရသည်။

မေလ ၁၀ ရက်နေ့က စတင်ကျင်းပခဲ့သည့် ၎င်းကွန်ဂရက် အစည်းအဝေး၌ ယခင်ခရိုင်၏ ချမှတ်အကောင်အထည်ဖော်လုပ်ဆောင်ခဲ့သည့် အစီရင်ခံစာများကို ပြန်လည်သုံးသပ်ဆွေးနွေးခြင်း၊ မြို့နယ် (၅) ခုမှ အစီရင်ခံခြင်းနှင့် လာမည့် သက်တမ်း ၄ နှစ်အတွက် ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ဆုံးဖြတ်ခဲ့သည်ဟု ခရိုင်ကိုယ်စားလှယ်များက ပြောသည်။

၉ ရက်တာပြုလုပ်ခဲ့သည့် အဆိုပါ ၁၁ ကြိမ်မြောက် ကွန်ဂရက်သို့ ခရိုင်၊ မြို့နယ် (၅) ခုနှင့် ကျေးရွာအုပ်စုမှ ကိုယ်စားလှယ် ၉၈ ဦးအပါအဝင် လေ့လာသူ ၂၀ ဦးကျော် ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

April 27, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ စစ်အုပ်စုဝေါလေဗျူဟာစခန်းကို...
Google Map
April 25, 2026
ထိုင်း-ကရင်နယ်စပ်၊ မြဝတီမြို့နယ်က “ထိုက်ချန်”အမည်ရ အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့်ပတ်သက်ပြီး...
April 24, 2026
စစ်အုပ်စုက စစ်ရေးပစ်မှတ်မဟုတ်သော အရပ်သားများ၊ အရပ်သားပြည်သူပိုင်နေရာများကို...
Photo crd- Thai PBS World
April 23, 2026
ထိုင်းနိုင်ငံခြားရေး ဝန်ကြီး Mr. Sihasak Phuangketkeow ၏ မြန်မာနိုင်ငံ၊...