ရာဇဂြိုလ်ရွာတွင် စစ်ကောင်စီအဖွဲ့က မနက် ၃ နာရီချိန်၌ လူငယ် ၅ ဦးကို ဖမ်းဆီးသွား

ရာဇဂြိုလ်ရွာတွင် စစ်ကောင်စီအဖွဲ့က မနက် ၃ နာရီချိန်၌ လူငယ် ၅ ဦးကို ဖမ်းဆီးသွား

ကလေးမြို့နယ် ရာဇဂြိုလ်ရွာတွင် ဒီကနေ့ မနက် ၃ နာရီအချိန်တွင် လူငယ် ၅ ဦးကို စစ်ကောင်စီအဖွဲ့က ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

ဒေသခံတစ်ဦးက "ဒီမနက် (၃) နာရီလောက်မှာ ဘောလုံးပွဲကြည့်နေတဲ့အချိန် ၅ ဦးလုံးကို ဖမ်းသွားတယ်လို့ သိရတယ်၊ အဲဒီ ၅ ဦးထဲမှာ တစ်ယောက်ကိုတော့ ၅၀၅ ထဲပါတယ်လို့ ပြောနေကြတယ်၊ ဖမ်းခံရတဲ့ထဲ ဘောလုံးပွဲကြည့်ရင်းပါတဲ့ တက္ကသိုလ်ကျောင်းသားနှစ်ဦးလည်း ပါတယ်လို့သိရတယ်" ဟု ပြောသည်။

အဖမ်းဆီးခံရသည့် လူ ၅ ဦးထဲတွင် တက္ကသိုလ်ကျောင်းသား ၂ ဦးပါဝင်ပြီး ကျန် ၃ ဦးမှာ ဒေသခံများဖြစ်ကြကာ ၎င်းတို့ထဲတွင် အသက် ၄၅ နှစ်အရွယ် အမျိုးသားတစ်ဦးလည်းပါဝင်ကြောင်း သိရသည်။

လက်ရှိ ရာဇဂြိုလ်ရွာထဲတွင်ရှိသော လူငယ်အများစုမှာ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်းလည်း သိရသည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...