ရာဇဂြိုလ်ရွာတွင် စစ်ကောင်စီအဖွဲ့က မနက် ၃ နာရီချိန်၌ လူငယ် ၅ ဦးကို ဖမ်းဆီးသွား

ရာဇဂြိုလ်ရွာတွင် စစ်ကောင်စီအဖွဲ့က မနက် ၃ နာရီချိန်၌ လူငယ် ၅ ဦးကို ဖမ်းဆီးသွား

ကလေးမြို့နယ် ရာဇဂြိုလ်ရွာတွင် ဒီကနေ့ မနက် ၃ နာရီအချိန်တွင် လူငယ် ၅ ဦးကို စစ်ကောင်စီအဖွဲ့က ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

ဒေသခံတစ်ဦးက "ဒီမနက် (၃) နာရီလောက်မှာ ဘောလုံးပွဲကြည့်နေတဲ့အချိန် ၅ ဦးလုံးကို ဖမ်းသွားတယ်လို့ သိရတယ်၊ အဲဒီ ၅ ဦးထဲမှာ တစ်ယောက်ကိုတော့ ၅၀၅ ထဲပါတယ်လို့ ပြောနေကြတယ်၊ ဖမ်းခံရတဲ့ထဲ ဘောလုံးပွဲကြည့်ရင်းပါတဲ့ တက္ကသိုလ်ကျောင်းသားနှစ်ဦးလည်း ပါတယ်လို့သိရတယ်" ဟု ပြောသည်။

အဖမ်းဆီးခံရသည့် လူ ၅ ဦးထဲတွင် တက္ကသိုလ်ကျောင်းသား ၂ ဦးပါဝင်ပြီး ကျန် ၃ ဦးမှာ ဒေသခံများဖြစ်ကြကာ ၎င်းတို့ထဲတွင် အသက် ၄၅ နှစ်အရွယ် အမျိုးသားတစ်ဦးလည်းပါဝင်ကြောင်း သိရသည်။

လက်ရှိ ရာဇဂြိုလ်ရွာထဲတွင်ရှိသော လူငယ်အများစုမှာ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်းလည်း သိရသည်။

August 5, 2026
ယခင် CDF – Kanpetlet (ယခု CPU / CPA) တပ်ဖွဲ့ဝင်ဖြစ်သည့် ရဲမေ မိုင်သူဇာကို အမျိုးသားညီညွတ်ရေး...
August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...
July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...
July 27, 2026
ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း...