ကျည်ထိမှန်ခဲ့သည့် ၁၀ နှစ်အရွယ်ကလေး မြင်းခြံမှ မန္တလေးသို့ အရေးပေါ်ပို့ဆောင်ရ

ကျည်ထိမှန်ခဲ့သည့် ၁၀ နှစ်အရွယ်ကလေး မြင်းခြံမှ မန္တလေးသို့ အရေးပေါ်ပို့ဆောင်ရ

မင်းတပ်မြို့တွင် မေလ (၁၇) ရက်နေ့က စစ်ကောင်စီအဖွဲ့၏ပစ်ခတ်မှုကြောင့် ၁၀ နှစ်အရွယ်အမျိုးသမီးငယ်တစ်ဦး ဘယ်ဘက်ပုခုံးတွင် ကျည်ထိမှန်ခဲ့ကာ မြင်းခြံတွင် တစ်ညဆေးကုသခဲ့သော်လည်း အခြေနေစိုးရိမ်ရသဖြင့် မန္တလေးဖက်သို့ ယနေ့ဆက်လက်ပို့ဆောင်နေကြောင်း ကလေးမိခင်ထံမှ သိရပါသည်။

ကလေးမိခင်က "သမီးလေးအခြေနေက မန္တလေးရောက်မှသိရမယ်၊ ပင်မအာရုံကြောထိသွားတယ်ထင်တယ်။ ဒဏ်ရာကြောင့် သတိလစ်မတတ်တွေဖြစ်တော့ မြင်းခြံမှာ တစ်ည အရေးပေါ်ဆေးကုသခဲ့ရတယ်၊ အခုမန္တလေးကို သွားနေတယ်" ဟု ပြောသည်။

ကျည်ထိမှန်သည့် အမျိုးသမီးငယ်ကို အရေးပေါ်ဆေးကုသမှုခံယူရန် မင်းတပ်မြို့မှ ယမန်နေ့ မေလ (၁၈) ရက်နေ့က ထွက်ခွာခဲဲ့ကြပြီး ဒဏ်ရာကြောင့် ကလေး၏အခြေနေ စိုးရိမ်ရသဖြင့် မြင်းခြံတွင် ခေတ္တရပ်နားကာ အရေးပေါ်ဆေးကုသခဲ့ရကြောင်း သိရသည်။

စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့် မင်းတပ်မြို့၏ အနောက်ဖက်ရှိ ၂၇၄ တပ်ရင်းရှိသည့်ဖက်တွင် လူထိခိုက်မှု နေအိမ်ထိခိုက်မှုများရှိခဲ့ပြီး မြို့မြင်ကွင်းကောင်းသည့် အမြင့်ပိုင်းရှိ လူနေအိမ်များ၊ ဘုရားကျောင်းများတွင် တပ်ဆွဲထားကြောင်း သိရသည်။

လက်ရှိ မင်းတပ်မြို့ပေါ်မှ နေရပ်စွန့်ခွာသူလူဦးရေ ထောင်ချီရှိနေပြီဖြစ်ပြီး နေရပ်စွန့်ခွာသူများ၏ စားနပ်ရိက္ခနှင့် ဆေးဝါးလိုအပ်ကြကြောင်းလည်း သိရသည်။

မင်းတပ်မြိို့တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CDF) တို့အကြား မေလ (၁၂) ရက်နေ့မှ လေးရက်အကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး မေလ (၁၅) ရက်နေ့တွင် ဒေသခံ ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ မင်းတပ်မြို့မှ ဆုတ်ခွာပေးခဲ့ရသည်။

April 27, 2026
ချင်းလက်နက်ကိုင် ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့ ကို အာဏာသိမ်းစစ်အုပ်စုက...
April 25, 2026
ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်မှာ ဧပြီလ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း...
April 24, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေနဲ့ ဖလမ်းမြို့နားမှာ...
April 23, 2026
ဇိုဂမ် (Zogam) နယ်မြေအတွင်းကို ဘယ်ပြင်ပအဖွဲ့အစည်းကမှ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်တာကို...