မြဝတီမြို့တွင် CDM ဆောင်ရွက်နေသည့် ပညာရေးဝန်ထမ်း စာရင်းအရ ၂၉၆ ဦးရှိပြီး မြေပြင်တွင် ယခုထက်ပိုများနိုင်ဟုဆို

မြဝတီမြို့တွင် CDM ဆောင်ရွက်နေသည့် ပညာရေးဝန်ထမ်း စာရင်းအရ ၂၉၆ ဦးရှိပြီး မြေပြင်တွင် ယခုထက်ပိုများနိုင်ဟုဆို

ကရင်ပြည်နယ် မြဝတီခရိုင်အတွင်း အာဏာဖီဆန်မှု (CDM) ဆောင်ရွက်နေသည့် ပညာရေးဝန်ထမ်း စာရင်းအရ ၂၉၆ ဦးရှိပြီး မြေပြင်တွင် ယခုထက် ပိုမိုများပြားနိုင်သည်ဟု မြဝတီမြို့မှ ပညာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

"မြဝတီခရိုင်အတွင်းမှာ အထက်တန်းကျောင်း ၈ ကျောင်းအပါအဝင် စာသင်ကျောင်း ပေါင်း ၁၁၀ ကျောင်းရှိပါတယ်။ ဒီထဲမှာ ဌာနေ တိုင်းရင်းသားလက်နက်ကိုင်စိုးမိုးတဲ့ နယ်မြေမှာရှိတဲ့ စာသင်ကျောင်း ၁၅ ကျောင်းခန့်က ဖွင့်ဖို့ အဆင်မပြေနိုင်ပါဘူး။ စာရင်းအရတော့ CDM ပြုလုပ်ထားတဲ့ဝန်ထမ်း ၂၉၆ ယောက် ရှိတာပေါ့။ ဒါပေမယ့် အမှန်တကယ် ကျောင်းဖွင့်တဲ့အခါ မြေပြင်မှာ ဒီထက်ပိုပြီး များလာနိုင်တယ်" ဟု မြဝတီမြို့မှ ပညာရေးဝန်ထမ်းတစ်ဦးက သုံးသပ်ပြောဆိုသည်။

 

စစ်ကောင်စီမှ ယခုပညာသင်နှစ်တွင် ကျောင်းများကို ဖွင့်လှစ်နိုင်ရန် စီစဉ်နေပြီး ကျောင်းအပ်လက်ခံမှုကို မေလ ၂၄ ရက်နေ့မှ စတင်လက်ခံကာ ဇွန်လ ၁ ရက်နေ့တွင် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန် မြို့နယ်အသီးသီးရှိ ပညာရေးဝန်ထမ်းများအား စေခိုင်းလျက်ရှိနေသည်။

ထိုသို့ စစ်ကောင်စီမှ ဇွန်လ ၁ ရက်နေ့တွင် ကျောင်းများဖွင့်လှစ်နိုင်ရန် စီစဉ်နေချိန် ယခုရက်ပိုင်းအတွင်း နိုင်ငံတဝှမ်းရှိ ပညာရေးဌာနနှင့်သက်ဆိုင်သော နေရာတစ်ချို့တွင် ဗုံးပေါက်ကွဲမှုများ ရှိလာနေသဖြင့် ကျောင်းသားမိဘများမှာ စိုးရိမ်မှုများရှိနေသလို မြို့နယ်တစ်ချို့တွင်လည်း ယခုပညာသင်နှစ်အတွင်း ကျောင်းမအပ်ဘဲ ကျောင်းပျက်ကြရန် ဆန္ဒဖော်ထုတ် တောင်းဆိုမှုများလည်း ရှိနေသည်။

လက်ရှိတွင် စစ်ကောင်စီပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ တစ်နိုင်ငံလုံးအတိုင်းအတာတွင် ပညာရေးဝန်ထမ်းပေါင်း ၄၅၁,၅၀၆ ဦးရှိကာ ထိုထဲတွင် CDM ဆောင်ရွက်သူ ၁,၂၁,၄၅၅ ဦးရှိပြီး ၂၇ ရာခိုင်နှုန်း ပျက်ကွက်ကြောင်း ထုတ်ပြန်ထားသည်။

ကရင်ပြည်နယ်အတွင်းတွင် ပညာရေးဝန်ထမ်းပေါင်း ၁၆,၆၀၄ ဦးရှိရာ ထိုထဲမှ ၄,၄၂၈ ဦး CDM ဆောင်ရွက်ထားကြောင်း သိရသည်။

Photo: BGF
January 13, 2026
ဖားအံခရိုင်၊ လှိုင်းဘွဲ (ဖားအံ) မြို့နယ်ရှိ နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့၏ ဥဒေါင်းစခန်းနှင့်...
Photo: KNA
January 12, 2026
စစ်အုပ်စု၏အတုအယောင်ရွေးကောက်ပွဲ ဒုတိယပိုင်းတွင်ပါဝင်သည့် ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ်ရှိ...
January 9, 2026
နယ်မြေထိန်းချုပ်မှု၊ အုပ်ချုပ်ရေးစနစ်နှင့် အုပ်ချုပ်ခံပြည်သူလူထုမရှိဘဲ အစိုးရ တစ်ရပ်တည်ဆောက်၍...
January 8, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဖလူး-ဝေါလေ တောင်ကြော၊ ကျော်ဝါးဘိုး တောင်ကြောဘက်သို့...