သတင်းအချက်လက်ထုတ်လွှင့်ရာတွင် အချင်းချင်းကြား ထိခိုက်နစ်နာမှုမရှိစေရန် ကရင်လူထုများကို KNLA စစ်ရေးချုပ် မေတ္တာရပ်ခံ

သတင်းအချက်လက်ထုတ်လွှင့်ရာတွင် အချင်းချင်းကြား ထိခိုက်နစ်နာမှုမရှိစေရန် ကရင်လူထုများကို KNLA စစ်ရေးချုပ် မေတ္တာရပ်ခံ

အနယ်နယ်အရပ်ရပ်ရှိ ကရင်လူထုများအနေဖြင့် သတင်းအချက်အလက်များ ထုတ်လွှင့်ရာတွင် အချင်းအချင်းအကြား ထိခိုက်နစ်နာစေမည့် လုပ်ဆောင်ချက်များကို ရှောင်ရှားကြရန် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဗဟိုစစ်ရေးချုပ် ဗိုလ်ချုပ်စောပိလတ်စိန်က မေတ္တာရပ်ခံလိုက်သည်။

လက်ရှိကရင်လူထုအတွင်း သတင်းထုတ်လွှင့် ရေးသားတင်ဆက်မှုများနှင့်ပတ်သက်၍ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဗဟိုစစ်ရေးချုပ် ဗိုလ်ချုပ်စောပိလတ်စိန်က ယမန်နေ့ မေလ ၁၈ ရက်နေ့တွင် ကြေညာချက်တစ်ခုထုတ်ပြန်ကာ ယခုလို ပြောဆိုခဲ့ခြင်းဖြစ်သည်။

"ပြည်တွင်း၊ ပြည်ပနှင့် တော်လှန်ရေးနယ်မြေထဲရှိ ကရင်အမျိုးသားအားလုံး သတင်းရေးသားထုတ်လွှင့်ရာမှာ နားဆင်၊ ဖတ်ရှုသူအတွက် အခက်အခဲမဖြစ်စေဖို့၊ အချင်းချင်းအကြား သွေးထိုးလှုံ့ဆော်မှုများ မဖြစ်စေဖို့ အကြောင်းအရာတစ်ခုခုကို ထုတ်ပြန်မှုလုပ်ဆောင်မယ်ဆိုရင် သေချာစိစစ်မှုတွေလုပ်ဆောင်ပြီး လူတစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခုအတွက် ထိခိုက်နစ်နာမှုမရှိစေဖို့ အရင် လူကြီးသူမများ၏ ကောင်းမွန်တဲ့ ထုံးတမ်းအစဉ်အလာကို လေးစားချစ်ခင်သောအားဖြင့် ကျနော့်အနေနဲ့ အနူးညွတ် မေတ္တာရပ်အပ်ပါတယ်" ဟု ပြောဆိုထားသည်။

ထို့အပြင် အနယ်နယ်အရပ်ရပ်ရှိ ကရင်လူထုများအနေဖြင့် မိမိပြောဆိုမည့် စကားများကို မိမိနှင့် နီးစပ်သည့်ပတ်ဝန်းကျင်ကို ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စဉ်းစားတွေးတောပြီးမှသာ ထုတ်ဖော်ပြောဆိုရန်လည်း KNLA ဗဟိုစစ်ရေးချုပ် ဗိုလ်ချုပ်စောပိလတ်စိန်က တိုက်တွန်းလိုက်သည်။

လတ်တလောအခြေအနေတွင် ကရင်လူမှုအသိုင်းအဝိုင်းအတွင်း ပရော်ဖက်ရှင်နယ် (Professional) သတင်းဌာနမဟုတ်ဘဲ သတင်းရယူ၊ ထုတ်လွှင့်ရေးသားမှုနှင့်ပတ်သက်ပြီး ဖြစ်စဉ် သတင်းအချက်အလက်များကို မှန်ကန်သည့် သတင်းအရင်းအမြစ်ထံမှ အတည်ပြုရယူခြင်းမရှိဘဲ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် တွင်တွင်ကျယ်ကျယ် ဖော်ပြလျက်ရှိသည်ကို တွေ့ရှိရသည်။

ထို့အပြင် သတင်းတင်ဆက်မှုအချို့သည် သတင်းမီဒီယာကျင့်ဝတ်နှင့် ကိုက်ညီမှုမရှိသည့် သွေးထိုးလှုံ့ဆော်မှုများနှင့် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို တိုက်ခိုက်ပြောဆို၊ စွပ်စွဲမှုများလည်း လုပ်ဆောင်လေ့ရှိသည်။

ထိုကဲ့သို့ လုပ်ဆောင်မှုများကြောင့် ကရင့်အမျိုးသားတော်လှန်ရေးအပေါ် အထောက်အကူမပြုသည့်အတွက် အပြုသဘောဆောင်သည့် ထောက်ပြဝေဖန်မှုများသာ လုပ်ဆောင်ရန်နှင့် အနယ်နယ်အရပ်ရပ်ရှိ ကရင်အမျိုးသားအားလုံး ဝိုင်းဝန်းကူညီကြရန်ကိုလည်း KNLA စစ်ရေးချုပ်က တိုက်တွန်းထားသည်။

April 27, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ စစ်အုပ်စုဝေါလေဗျူဟာစခန်းကို...
Google Map
April 25, 2026
ထိုင်း-ကရင်နယ်စပ်၊ မြဝတီမြို့နယ်က “ထိုက်ချန်”အမည်ရ အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့်ပတ်သက်ပြီး...
April 24, 2026
စစ်အုပ်စုက စစ်ရေးပစ်မှတ်မဟုတ်သော အရပ်သားများ၊ အရပ်သားပြည်သူပိုင်နေရာများကို...
Photo crd- Thai PBS World
April 23, 2026
ထိုင်းနိုင်ငံခြားရေး ဝန်ကြီး Mr. Sihasak Phuangketkeow ၏ မြန်မာနိုင်ငံ၊...