ဘုရားသုံးဆူမြို့နေ အငြိမ်းစားတပ်ထွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ပစ်သတ်ခံရ၍သေဆုံး

ဘုရားသုံးဆူမြို့နေ အငြိမ်းစားတပ်ထွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ပစ်သတ်ခံရ၍သေဆုံး

ထိုင်းမြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နေ အငြိမ်းစားတပ်ထွက် အမှတ် (၄) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဗိုလ်မှူးကျော်ဇင်မင်း (ငြိမ်း) သည် ယနေ့နံနက်ပိုင်းက သေနတ်ပစ်သတ်ခံရ၍ သေဆုံးသွားကြောင်း မြို့ခံအချို့က ပြောသည်။

“အခုမနက် ၉ နာရီလောက်က သူနေတဲ့ ရပ်ကွက် (၂) ရေဆေးခုံမှာ သေနတ်ပစ်ခံရပြီး သေသွားတယ်၊ ရေဆေးဆီထိုးဆိုင်ဖွင့်ထားတာ အာ့ဆိုင်မှာ ထိုင်နေတုန်း ဆိုင်ကယ်နဲ့လာပစ်တာ၊ လမ်းထောင့်နေရာဆိုတော့ နှစ်ဘက်ညှပ်ပစ်တာ၊ ဆိုင်ကယ် ၂ စီးနဲ့ လာပစ်တာ” ဟု မြို့ခံတစ်ဦးက ပြောသည်။

ဗိုလ်မှူးကျော်ဇင်မင်း (ငြိမ်း) သည် ခမရ ၂၈၃ တပ်ရင်းမှ ဒု-တပ်ရင်းမှူးအဆင့်ဖြင့် အငြိမ်းစားယူထားပြီး ဘုရားသုံးဆူမြို့၌ မော်တော်ကားရေဆေးခုံလုပ်ငန်း လုပ်ကိုင်သူဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မည်သူတစ်ဦးတစ်ယောက်မှ မွန်သတင်းအေဂျင်စီသို့ မှတ်ချက်ပြုပြောဆိုခြင်းမရှိပေ။

မွန်ပြည်အတွင်း ရောင်းချနေသည့် ထိုင်းကုန်ပစ္စည်းအချို့ / Crd
September 9, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်တွင် တရားမဝင် ထိုင်းကုန်ပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ်...
မောတောင်မြို့အဝင် ဆိုင်းဘုတ် / Crd
September 9, 2026
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မောတောင်မြို့နှင့် မောတောင်–ထုံခါး လမ်းပိုင်းတစ်လျှောက်တွင်...
September 8, 2026
မွန်ပြည်၊ ရေးမြို့နယ် မြောက်ပိုင်းကျေးရွာအချို့တွင် စစ်အုပ်စုတပ် စစ်ကြောင်းများက ၎င်းတို့...
September 7, 2026
မိုးစပါးအသစ်မပေါ်မီ စက်တင်ဘာလဆန်းပိုင်းအတွင်း မွန်ပြည်တွင် စပါးအမျိုးအစားအားလုံး ဈေးနှုန်း ဆက်...