မီဇိုရမ်ပြည်နယ် အစိုးရရုံးများအား (၁၀) ကြိမ်ထက်မက ဖောက်ထွင်းခိုးယူခဲ့သော မြန်မာနိုင်ငံသားတစ်ဦး ဖမ်းဆီးခံရ

မီဇိုရမ်ပြည်နယ် အစိုးရရုံးများအား (၁၀) ကြိမ်ထက်မက ဖောက်ထွင်းခိုးယူခဲ့သော မြန်မာနိုင်ငံသားတစ်ဦး ဖမ်းဆီးခံရ

ချင်းပြည်နယနှင့် နယ်နိမိတ်ချင်းထိစပ်နေသော မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းမြို့အတွင်း အစိုးရရုံးများအား (၁၀) ကြိမ်ထက်မက ဖောက်ထွင်းခိုးယူခဲ့သော မြန်မာနိုင်ငံသားတစ်ဦးကို ကျန်ဖိုင်းခရိုင်ရဲတပ်ဖွဲ့က မေလ ၁၇ ရက်နေ့တွင် ခိုးရာပါပစ္စည်းနဲ့အတူ ဖမ်းဆီးခဲ့သည်။

 James Vanlalthlana (ခေါ်) Jacob Vanlalbika (42) သည် ဖလမ်းခရိုင် Khawmawi ကျေးရွာတွင် နေထိုင်သူဖြစ်ပြီး ကျန်ဖိုင်းမြို့ District Agricultural Office ရှိ ရူပီး ၄ သိန်းကျော်ငွေသားများ ခိုးယူခဲ့ပြီး ၁၂၅ ဆိုင်ကယ်ဖြင့် မြန်မာဘက်သို့သယ်ဆောင်နေစဉ် ယခုလို ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသသတင်း Zonet News တွင် ဖော်ပြသည်။

၎င်း၏ထွက်ဆိုချက်အရ ပြီးခဲ့သည့်နှစ် အောက်တိုဘာလမှစပြီး မနေ့ကအထိ ကျန်ဖိုင်းမြို့ အစိုးရရးများကို (၁၀) ကြိမ် ဖောက်ထွင်းခဲ့ပြီး ခိုးယူခဲ့သော ငွေပမာဏမှာ ရူပီး ၁၄ သိန်းကျော်ရှိကြောင်း သိရသည်။

ကျန်ဖိုင်းခရိုင် အစိုးရရုံးများ ဖောက်ထွင်းခိုးယူမှု များပြားလာသည့်အတွက် ထိုအမှုကိုစစ်ဆေးရန် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းခဲ့ပြီး‌‌‌ေနောက် ယခုလို ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

James Vanlalthlana သည် မီဇိုရမ်ပြည်နယ်တွင်  ခိုးမှုဖြင့် (၄) ကြိမ် ထောင်ကျခဲ့ဖူးသူဖြစ်သည်။

April 27, 2026
ချင်းပြည်နယ်မြောက်ပိုင်းက ဒုတိယမြို့တော်ဟူ၍ တင်စားပြီး စစ်ရေးအချက်အချာ ကျသည့် ဖလမ်းမြို့နှင့်...
April 25, 2026
စစ်အာဏာရှင် မင်းအောင်လှိုင်က သမ္မတအဖြစ် အသွင်းပြောင်းလဲပြီး ရက်ပိုင်းအကြာတွင် ချင်းပြည်နယ်...
April 24, 2026
ကြားကာလတော်လှန်ရေးအတွင်း မတူပီမြို့နယ်တွင် ဒေသန္တရအစိုးရအဖွဲ့အပါအဝင် ယန္တရားများကို...
April 23, 2026
ချင်းပြည်တောင်ပိုင်းက ချင်းတော်လှန်ရေးအင်အားစုများဖြစ်သည့် ချင်းပြည်သူ့အစည်းအရုံး (CPU/ CPA)...