စစ်အာဏာသိမ်းပြီး ရက်ပေါင်း ၁၀၀ အလွန် စက်သုံးဆီဈေး တစ်လီတာ ကျပ် ၃၀၀ ကျော်အထိ ဈေးမြင့်တက်နေ

စစ်အာဏာသိမ်းပြီး ရက်ပေါင်း ၁၀၀ အလွန် စက်သုံးဆီဈေး တစ်လီတာ ကျပ် ၃၀၀ ကျော်အထိ ဈေးမြင့်တက်နေ

လက်ရှိ ပြည်တွင်းစက်သုံးဆီဈေးနှုန်းသည် အမျိုးအစားအလိုက် တစ်လီတာ ၁၁၀၀ ကျပ်အထိ စျေးပေါက်နေပြီး အာဏာသိမ်းပြီး ရက်ပေါင်း ၁၀၀ အလွန်တွင် စက်သုံးဆီဈေး တစ်လီတာ ကျပ် ၃၀၀ ကျော်အထိ မြင့်တက်လာကြောင်း စက်သုံးဆီအရောင်းဆိုင်များမှ သိရသည်။

ဇန်နဝါရီလကုန်ပိုင်းတွင် အောက်တိန်း 92 တစ်လီတာ ကျပ် (၆၅၅)၊ အောက်တိန်း 95 တစ်လီတာ ကျပ် (၇၆၅)၊ ဒီဇယ်တစ်လီတာ ကျပ် ၆၉၅ နှင့် ပရီမီယံဒီဇယ် တစ်လီတာ ကျပ် ၇၀၅ သာရှိခဲ့သည်။

ရေးမြို့ စက်သုံးဆီဆိုင်မန်နေဂျာတစ်ဦးက “ပုံမှန်ရောင်းရတယ်ဆိုပေမယ့် ကျွန်တော်တို့ ပင်ရင်းဆီသွားယူနေတဲ့နေရာက ကျွန်တော်တို့ကို ထပ်ဆောင်းဝယ်ယူမှ ရောင်းမှာတဲ့ ကျွန်တော်တို့ကလည်း ဖောက်သည်တွေကို ခေါက်ပြန်ပေးပုံစံနဲ့ ပြန်ရောင်းနေတော့ ထပ်ဆောင်းဝယ်ယူဖို့က ငွေရေးကြေးရေးပြဿနည်းနည်းဖြစ်တာပေါ့” ဟု ဆိုသည်။

ယမန်နေ့ (မေလ ၁၇ ရက်) တွင် ဒီဇယ် ၁ လီတာ ၁၀၁၅ ကျပ်၊ ပရီမီယမ်ဒီဇယ် ၁၀၂၅ ကျပ်၊ အောက်တိန်း ၉၂ တစ်လီတာ ၁၀၁၅ ကျပ်နှင့် အောက်တိန်း ၉၅ တစ်လီတာလျှင် ၁၁၀၀ ကျပ်အထိ ဆက်လက်မြင့်တက်နေခြင်းကြောင့် Taxi ယာဉ်မောင်းအချို့ လုပ်ငန်းရပ်နားထားသူတွေလည်းရှိကြောင်း သိရသည်။

မော်လမြိုင်မြို့ပေါ်အတွင်း Taxi ယာဉ်မောင်းတစ်ဦးက “အခက်အခဲက တော်တော်များများပေါ့ဗျာ ဆီဈေးတက်လို့ တွက်ချေမကိုက်တာရယ် နိုင်ငံရေးအခြေအနေလည်း မတည်ငြိမ်တော့ လူတွေ အသွားအလာနည်းတာရယ် ရာသီဥတုလည်းပူတာကြောင့် ခဏ ပ်နားထားတဲ့သဘောပေါ့” ဟု ၎င်းယာဉ်မောင်းကပြောသည်။

ယမန်နေ့ ပြည်တွင်းရွှေဈေးအပိတ်မှာ ၁,၅၇၀,၀၀၀ ဝန်းကျင်အထိ ကျဆင်းလာသော်လည်း အမေရိကန် ၁ ဒေါ်လာ ၁၆၈၀/၁၇၀၅ ကျပ်၊ ထိုင်း ၁ ဘတ် ၅၀. ၅/ ၅၂.၅ ကျပ်အထိ စျေးနှုန်းပေါက်နေသည်။

မွန်ပြည်အတွင်း ရောင်းချနေသည့် ထိုင်းကုန်ပစ္စည်းအချို့ / Crd
September 9, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်တွင် တရားမဝင် ထိုင်းကုန်ပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ်...
မောတောင်မြို့အဝင် ဆိုင်းဘုတ် / Crd
September 9, 2026
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မောတောင်မြို့နှင့် မောတောင်–ထုံခါး လမ်းပိုင်းတစ်လျှောက်တွင်...
September 8, 2026
မွန်ပြည်၊ ရေးမြို့နယ် မြောက်ပိုင်းကျေးရွာအချို့တွင် စစ်အုပ်စုတပ် စစ်ကြောင်းများက ၎င်းတို့...
September 7, 2026
မိုးစပါးအသစ်မပေါ်မီ စက်တင်ဘာလဆန်းပိုင်းအတွင်း မွန်ပြည်တွင် စပါးအမျိုးအစားအားလုံး ဈေးနှုန်း ဆက်...