ထိုင်းနိုင်ငံတွင် ကိုဗစ်ကူးစက်ခံရသူ တစ်ရက်အတွင်း လူတစ်သောင်းဝန်းကျင် စံချိန်တင်ရောဂါပိုးတွေ့ရှိ

ထိုင်းနိုင်ငံတွင် ကိုဗစ်ကူးစက်ခံရသူ တစ်ရက်အတွင်း လူတစ်သောင်းဝန်းကျင် စံချိန်တင်ရောဂါပိုးတွေ့ရှိ
Photo - ချင်းမိုင်ပြည်နယ် ကိုဗစ်ရောဂါကူးစက်မှုအခြေအနေ ရှင်းလင်းပြောကြားစဉ် (Bangkok Post)
Photo - ချင်းမိုင်ပြည်နယ် ကိုဗစ်ရောဂါကူးစက်မှုအခြေအနေ ရှင်းလင်းပြောကြားစဉ် (Bangkok Post)

ထိုင်းနိုင်ငံတွင် ယမန်နေ့ (မေလ ၁၇) တစ်ရက်အတွင်း ကိုဗစ်ရောဂါကူးစက်ခံရသူ တစ်သောင်းဝန်းကျင် (၉၆၃၅ ဦး) စံချိန်တင် ရောဂါပိုးတွေ့ရှိခဲ့ရာတွင် အကျဉ်းသား ၆၈၅၃ ဦးပါဝင်ကြောင်း Coronavirus (COVID-19) Information Centre က သတင်းဖော်ပြသည်။



ယမန်နှစ် ကိုဗစ်ရောဂါစတင်ဖြစ်ပွားချိန်မှ လက်ရှိကာလအထိ ထိုင်းတစ်နိုင်ငံလုံးတွင် ရောဂါပိုးကူးခံရသူ ၁၁၁,၄၄၇ ကျော်၊ သေဆုံးသူ ၅၈၉ ဦးရှိပြီဖြစ်သည်။



အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Aryut Sinthoppan က “ကိုဗစ် ပထမဆုံးကူးစက်ခဲ့တုန်းက ထောင်ထဲမှာ လူနည်းနည်းပဲကူးစက်ခံရပါတယ်။ ဒုတိယလှိုင်းကူးစက်တော့ ပိုးကူးခံရသူ လူဆယ်ချီဖြစ်လာပြီး အခု တတိယလှိုင်းနဲ့ကြုံနေရတဲ့အချိန်မှာတော့ ပိုးကူးခံရသူ ရာဂဏန်းကနေ ထောင်ဂဏန်းထိဖြစ်လာတယ်” ဟု သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။



ချင်းမိုင်ပြည်နယ် အကျဉ်းထောင်တွင် အကျဉ်းသား ၆၀ ရာခိုင်နှုန်းကျော် ရောဂါကူးစက်ခံထားရသဖြင့် အဆိုးဆုံးအခြေအနေတွင်ရှိနေပြီး အကျဉ်းထောင် ၈ ခုရှိ အကျဉ်းသား ၂ သောင်းခွဲတွင် တစ်ဝက်နီးပါးခန့် ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့ကြောင်း ၎င်းက ရှင်းလင်းပြောကြားခဲ့သည်။



"အကျဉ်းသားတိုင်း၂၄ နာရီလုံးလုံး နှာခေါင်းစည်းဝတ်ထားကြဖို့ အကျဉ်းသားများ လေ့ကျင့်ပညာပေးရေးဌာန ညွှန်ချုပ်က အမိန့်ထုတ်ပြန်ထားပေမဲ့လည်း အကျဉ်းသားတွေက ရေချိုး အစာစားတဲ့အချိန်တွေ ရှိနေတာမို့ လက်တွေ့မှာ ဒီလိုလုပ်ဖို့ မဖြစ်နိုင်ခဲ့ပါဘူး။ တချို့ဆိုရင်လည်း တရားရုံးတွေကို သွားရတာမျိုး၊ အဲဒီမှာ အစာစားရတာမျိုးတွေ ရှိနေပါတယ်။ နှာခေါင်းစည်းဝတ်ပြီး အစာစားလို့မှမရတာ" ဟု အကျဉ်းဦးစီးဌာန ဒု-ညွှန်ချုပ်က ပြောသည်။



ထို့ပြင် အသစ်ရောက်ရှိလာသည့် အကျဉ်းသားများ ကွာရန်တင်းဝင်ရမည့်ကာလကို ၂၁ ရက်အထိ တိုးချမှတ်လိုက်ပြီး ရောဂါစစ်ဆေးမှုကိုလည်း အရှိန်အဟုန်တိုးမြှင့်လုပ်နေကြောင်း သိရသည်။



မျိုးဗီဇပြောင်း ပိုးသစ်ကူးစက်မှုကြောင့် အိန္ဒိယတွင် ပိုးကူးစက်မှု အပြင်းထန်ဆုံး ရင်ဆိုင်နေရပြီး တစ်ရက်အတွင်း ပိုးကူးသူ ၄ သိန်းကျော်ထိရောက်ခဲ့ကြောင်း သတင်းများက ဖော်ပြသည်။



အမေရိကန် Johns Hopkins တက္ကသိုလ် ကိုဗစ်သုတေသနဌာန စစ်တမ်းအရ ယနေ့အထိ ကမ္ဘာတဝှမ်းပိုးကူးသူ ၁၆၂ သန်းကျော်ရှိသည့်အနက် ပိုးကူးသူ ၃၃ သန်းနီးပါးရှိသည့် အမေရိကန်နိုင်ငံက ကမ္ဘာပေါ်တွင် ပိုးကူးသူအများဆုံးနိုင်ငံ ဖြစ်နေသည်။

 

ကျိုက်မရောမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ရေကြီးနစ်မြုပ်နေစဉ်။ / Crd
September 10, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်အတွင်း ရေကြီးနစ်မြုပ်နေသည်မှာ သုံးပတ်နီးပါး ကြာမြင့်လာပြီး...
September 10, 2026
မွန်ပြည်၊ မုဒုံမြို့နယ်၊ ကမာဝက်-အဘစ်လမ်းမကြီးတစ်လျှောက် ဆိုင်ကယ်နှင့် ဖုန်း လုယက်ခံရမှုများအပြင်...
မွန်ပြည်အတွင်း ရောင်းချနေသည့် ထိုင်းကုန်ပစ္စည်းအချို့ / Crd
September 9, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်တွင် တရားမဝင် ထိုင်းကုန်ပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ်...
မောတောင်မြို့အဝင် ဆိုင်းဘုတ် / Crd
September 9, 2026
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မောတောင်မြို့နှင့် မောတောင်–ထုံခါး လမ်းပိုင်းတစ်လျှောက်တွင်...