NCA ကို ပြန်လည်အသက်သွင်းရန် အားထုတ်ခြင်းသည် လက်ရှိနိုင်ငံရေးအကြပ်အတည်းကို မျက်ကွယ်ပြုရာရောက်ဟု AKO ပြော

NCA ကို ပြန်လည်အသက်သွင်းရန် အားထုတ်ခြင်းသည် လက်ရှိနိုင်ငံရေးအကြပ်အတည်းကို မျက်ကွယ်ပြုရာရောက်ဟု AKO ပြော

၂၀၀၈ ဖွဲ့စည်းပုံအောက်တွင် ပေါက်ဖွားလာပြီး အကျိုးမပြုဘဲရပ်တန့်သွားသည့် အပစ်ရပ်စာချုပ် (NCA) ကို ပြန်လည်အသက်သွင်းရန် အားထုတ်ခြင်းသည် လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးအကြပ်အတည်းများကို မျက်ကွယ်ပြုရာရောက်သည်ဟု ဩစတြေးလျကရင်အဖွဲ့အစည်း (Australian Karen Organization - AKO) က ယနေ့ မေလ ၁၅ ရက်နေ့တွင် သဘောထားထုတ်ပြန်ကာ ပြောဆိုလိုက်သည်။

“မြန်မာတစ်နိုင်ငံလုံးရှိ ပြည်သူလူထုတစ်ရပ်လုံး၏ နေ့စဉ်နှင့်အမျှ ဘဝရှင်သန်ရပ်တည်ရန်အတွက် လုံခြုံမှုကင်းမဲ့ပြီး၊ ကျီးလန့်စာစား အသက်ရှင်နေရချိန်တွင် စစ်အာဏာသိမ်းပြီးစဉ်က ပျက်ပြယ်သွားပြီဖြစ်သည့် ၂၀၀၈ ဖွဲ့စည်းပုံအောက်မှ ပေါက်ဖွားလာသည့် အကျိုးမရှိဘဲရပ်တန့်သွားပြီဖြစ်သည့် NCA ကို ပြန်လည်အသက်သွင်းရန် အားထုတ်ခြင်းသည် လက်ရှိဖြစ်ပေါ်နေသည့် အပကတိနိုင်ငံရေးအကြပ်အတည်းကို မျက်ကွယ်ပြုရာကျသည်” ဟု AKO ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

(NCA) လက်မှတ်ရေးထိုးပြီးချိန်မှစ၍ မြန်မာ့တပ်မတော်ဘက်မှ ဦးစွာပြောင်ပြောင်တင်းတင်းချိုးဖောက်ကာ ဒေသဖွံ့ဖြိုးရေးကိုအကြောင်းပြု၍  ကရင်ဒေသအတွင်း တပ်စခန်းများ အခိုင်အမာဆောက်လာခြင်း၊ စစ်ရေးဗျူဟာစိုးမိုးရေးအတွက် လမ်းများဖောက်လုပ်ခြင်းနှင့် အခြားသော အကြီးစားစီမံကိန်းကြောင့် ဒေသအတွင်းရှိ KNLA တပ်ဖွဲ့နှင့် ထိပ်တိုက်ထိတွေ့မှုပေါင်းများစွာ ဖြစ်ပွားခဲ့သလို ဒေသခံကျေးရွာအတွင်း အမြောက်ကြီးနှင့် လှမ်းပစ်သည့်အပြင် လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံအမြောက်အမြားလည်း နယ်စပ်ဒေသနှင့် ထိုင်းနိုင်ငံအတွင်း ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီတပ်ဘက်မှ (NCA) စာချုပ် ချိုးဖောက်မှုများစွာရှိသော်လည်း KNU ဥက္ကဌ စောမူတူးစေးဖိုးအနေဖြင့် (NCA) မူဘောင်အတိုင်း ဆက်လက်ဆောင်ရွက်သွားဖို့ရန်နှင့် နိုင်ငံရေးပြဿနာကို တွေ့ဆုံဆွေးနွေးသည့် အဖြေရှာရန်သာ သဘောထားရှိသည်ဆိုပြီး မေလ ၁၀ ရက်နေ့တွင် လက်မှတ်ထိုးထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်သည်လည်း အာဏာကိုအလွဲသုံးစားပြီး ၎င်း၏တစ်ဦးတည်းသဘောထာသားဖြစ်သည်ဟု သုံးသပ်ကြောင်း AKO က ပြောသည်။

ထိုအတွက်ကြောင့် KNU ဥက္ကဌအနေဖြင့် အဖွဲ့အစည်းဆုံးဖြတ်ချက်မပါဘဲ လက်မှတ်ရေးထိုးထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်နှင့်ပတ်သက်၍ တာဝန်ခံမှု၊ တာဝန်ယူမှုရှိပြီး မိမိသဘောထားဆန္ဒအလျောက် နုတ်ထွက်ရန်နှင့် မိမိအလိုအလျောက် မနုတ်ထွက်ပါက KNU ခေါင်းဆောင်များအနေဖြင့် ဥက္ကဌ စောမူတူးစေးဖိုးအား တာဝန်မှရပ်စဲရန် တောင်းဆိုကြောင်းလည်း AKO ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Photo: BGF
January 13, 2026
ဖားအံခရိုင်၊ လှိုင်းဘွဲ (ဖားအံ) မြို့နယ်ရှိ နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့၏ ဥဒေါင်းစခန်းနှင့်...
Photo: KNA
January 12, 2026
စစ်အုပ်စု၏အတုအယောင်ရွေးကောက်ပွဲ ဒုတိယပိုင်းတွင်ပါဝင်သည့် ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ်ရှိ...
January 9, 2026
နယ်မြေထိန်းချုပ်မှု၊ အုပ်ချုပ်ရေးစနစ်နှင့် အုပ်ချုပ်ခံပြည်သူလူထုမရှိဘဲ အစိုးရ တစ်ရပ်တည်ဆောက်၍...
January 8, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဖလူး-ဝေါလေ တောင်ကြော၊ ကျော်ဝါးဘိုး တောင်ကြောဘက်သို့...