ဘုရားသုံးဆူမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုအတွင်း ပါဝင်သူနှစ်ဦး ဖမ်းဆီးခံရ

ဘုရားသုံးဆူမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုအတွင်း ပါဝင်သူနှစ်ဦး ဖမ်းဆီးခံရ

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့တွင် ယနေ့ (မေ ၁၄) နံနက်က စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုအတွင်း ပါဝင်သည့် အမျိုးသမီးနှစ်ဦးကို စစ်ကောင်စီတပ်မှ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။

ဘုရားသုံးဆူမြို့ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် ပြုလုပ်ပြီးနောက် နေအိမ်တွင်ပြန်နေထိုင်စဉ် ဒေါ်ဇင်မာဦးနှင့် ၎င်း၏နေအိမ်၌ရှိနေသည့် အမျိုးသမီးတစ်ဦးကို စစ်ကောင်စီ၏ ရဲတပ်ဖွဲ့ဝင်နှင့် စစ်တပ်တို့က လာရောက်ဖမ်းခေါ်ဆောင်သွားသည်ဟု ဒေသခံတစ်ဦးက ယခုလိုပြောသည်။

"သပိတ်ပြီးတော့ ဒီမနက်ပဲ သူ့အိမ်မှာလာဖမ်းတာပေါ့နော်။ အဲ့ဒီမှာကောင်မလေးကလည်း ရေဝင်ချိုးတယ်။ ရေချိုးခန်းကိုအတင်းဖွင့်ခိုင်းပြီးတော့ ကောင်မလေးရဲ့ဆွဲကြိုးကိုလည်း မှတ်ထားလားမသိဘူး။ အဲ့မှာဆွဲကြိုး၊ ဆွဲကြိုးဆိုပြီး ဖမ်းခေါ်သွားတယ်" ဟု ၎င်းက ကေအိုင်စီသို့ပြောသည်။

ထို့အပြင် ဒေါ်ဇင်မာဦး၏ မိသားစုဝင်များလည်း ဘေးကင်းလုံခြုံရာသို့ ရှောင်တိမ်းနေရသည်ဟု နီးစပ်သူများက ပြောသည်။

ထိုင်း-မြန်မာနယ်စပ် မြို့တစ်မြို့ဖြစ်သည့် ဘုရားသုံးဆူမြို့တွင် စစ်ကောင်စီမှ နှောင့်ယှက်မှုများရှိသော်လည်း သပိတ်စစ်ကြောင်း နေ့တိုင်းနီးပါး ထွက်လေ့ရှိပြီး လက်ရှိတွင် ဖမ်းဆီးခံရသူ ၁၀ ဦးကျော်ရှိပြီဟု သိရသည်။

Photo : SHRF
May 20, 2026
ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) ထိန်းချုပ်သည့် ရှမ်း-တရုတ်နယ်စပ်၊...
May 19, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၆)၊ ဒူးပလာယာခရိုင်အတွင်း ကွမ်းသီးခြောက် ဝယ်လိုအားနှင့်...
May 18, 2026
စစ်အုပ်စုသတ်မှတ်ထားသည့် စက်သုံးဆီရောင်းချမှုစနစ်နှင့် မှောင်ခိုလောင်စာဆီဈေးကွက်တွင် ဆီဈေး နှစ်ဆ...
May 16, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်စစ်အုပ်စုက အုပ်ချုပ်ရေးမှူးများမှတဆင့်‌...