BGF နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်အကြား မှားယွင်းပစ်ခတ်မှုဖြစ်၊ BGF ၁၂ ဦးသေဆုံးပြီး စစ်ကောင်စီတပ်ဖွဲ့ ၃ ဦးသေဆုံး

BGF နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်အကြား မှားယွင်းပစ်ခတ်မှုဖြစ်၊ BGF ၁၂ ဦးသေဆုံးပြီး စစ်ကောင်စီတပ်ဖွဲ့ ၃ ဦးသေဆုံး

ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအကြား ယမန်နေ့ မေလ ၁၃ ရက်နေ့ ညနေပိုင်းက အချင်းချင်း မှားယွင်းပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး BGF ဘက်မှ တပ်ဖွဲ့ဝင် ၁၂ ဦးနှင့် စစ်ကောင်စီဘက်မှ တပ်ဖွဲ့ဝင် ၃ ဦး သေဆုံးသွားသည်ဟု KNU တပ်မဟာ (၅) ဘက်က ပြောသည်။

BGF အမှတ် (၁၀၁၃) တပ်ရင်း လက်အောက်ခံတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း (ခမရ-၄၀၈) တို့အကြား ယမန်နေ့ ညနေ ၃ နာရီကျော်တွင် KNU တပ်မဟာ (၅) နယ်မြေ၊ ဒွယ်လိုးမြို့နယ်အတွင်း၌ အပြန်အလှန် မှားယွင်းပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု KNU တပ်မဟာ (၅) ပြောခွင့်ရ ဒု-ဗိုလ်မှူးကြီး စောကလယ်ဒို့က ယခုလိုပြောသည်။

“မနေ့ ညနေ ၃ နာရီ မိနစ် ၅၀ လောက်မှာ ခမရ (၄၀၈) နဲ့ BGF (၁၀၁၃) က လူတွေနဲ့ အချင်းချင်းမှားပစ်ကြတာ။ မောလောကလိုး ကျေးရွာအနားမှာပဲဖြစ်တာ။ အဲ့လိုမှားပစ်ကြတဲ့အတွက် BGF ဘက်က ၁၂ ယောက် ကျသွားတယ်။ စစ်ကောင်စီဘက်က ၃ ယောက်ကျပြီးတော့ ဒေသခံရွာသား ၃ ဦးပါသေသွားတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ယမန်နေ့ ညနေ ၃ နာရီ ၂၃ မိနစ်ခန့်တွင်လည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ ၏ တပ်ရင်း (၁၀၂)၊ တပ်ခွဲ (၃) တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း (ခမရ-၄၀၈) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ (၉) ဦးကျဆုံးကာ (၆) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုလည်း ဒု-ဗိုလ်မှူးကြီး စောကလယ်ဒို့က ဆက်ပြောသည်။

လတ်တလောတွင် KNU တပ်မဟာ (၅) နယ်မြေအတွင်း စစ်ရေးပဋိပက္ခ ပြင်းထန်လျက်ရှိကာ ယခုလဆန်းပိုင်းက ၎င်းနယ်မြေများသို့ ရာနှင့်ချီသော BGF တပ်ဖွဲ့ဝင်များရောက်ရှိနေပြီး KNLA တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီ၊ BGF ပူးပေါင်းတပ်ဖွဲ့ဝင်များအကြား ထိတွေ့ပစ်ခတ်မှုများ နေ့စဉ်နီးပါး ဖြစ်ပွားလျက်ရှိသည်။

အလားတူ KNU တပ်မဟာ (၅) နယ်မြေအတွင်းရှိ စစ်ကောင်စီ၏ ခြေကုပ်စခန်းအချို့မှာ စခန်းကိုဆုတ်ခွာပြီး အနီးအနားရှိ တပ်စခန်းကြီးများနှင့် သွားရောက်ပူးပေါင်းခဲ့ကြကြောင်းလည်း တပ်မဟာ (၅) တာဝန်ရှိသူများထံမှ သိရသည်။

April 29, 2026
မြဝတီ-မဲဆောက်ကုန်သွယ်ရေးတံတားအမှတ်(၂)ကို ပြန်လည်ဖွင့်လှစ်တော့မည့်သတင်းများ ထွက်ပေါ်လာအပြီး ဧပြီလ...
April 28, 2026
ကရင်ပြည်နယ်၊ ကျုံဒိုးမြို့အခြေစိုက် စစ်အုပ်စုနှင့် DKBA ခွဲထွက် ဗိုလ်ဘိအဖွဲ့က ဂျိုင်းမြစ်နှင့်...
April 27, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ စစ်အုပ်စုဝေါလေဗျူဟာစခန်းကို...
Google Map
April 25, 2026
ထိုင်း-ကရင်နယ်စပ်၊ မြဝတီမြို့နယ်က “ထိုက်ချန်”အမည်ရ အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့်ပတ်သက်ပြီး...