ရေးမြို့ လူမှုရေးတက်ကြွလှုပ်ရှားသူတစ်ဦး လက်ပစ်ဗုံးအပစ်ခံရ၊ ပေါက်ကွဲဗုံးစထိမှန်သော်လည်း စိုးရိမ်စရာမရှိ

ရေးမြို့ လူမှုရေးတက်ကြွလှုပ်ရှားသူတစ်ဦး လက်ပစ်ဗုံးအပစ်ခံရ၊ ပေါက်ကွဲဗုံးစထိမှန်သော်လည်း စိုးရိမ်စရာမရှိ

ရေးမြို့ လူမှုရေးအသင်းအဖွဲ့များတွင် တက်ကြွလှုပ်ရှားသူ အငြိမ်းစားတပ်မတော်အရာရှိဟောင်း ဦးအောင်နိုင်ဝင်းအား ပြီးခဲ့သည့်ညပိုင်းအချိန်က အောင်သုခရပ်ကွက်ရှိ ၎င်း၏နေအိမ်တွင်ရှိနေစဉ် လက်ပစ်ဗုံးတစ်လုံးအပစ်ခံရသဖြင့် ပေါက်ကွဲဗုံးစများထိမှန်ခဲ့သော်လည်း စိုးရိမ်စရာအခြေအနေမရှိကြောင်း နီးစပ်သူမိတ်ဆွေများထံမှ သိရသည်။

“ည ၇ နာရီကျော်လောက်မှာ လူ ၂ ယောက် ဆိုင်ကယ်တစ်စီးနဲ့ သူ့အိမ်ရှေ့ကနေ ပစ်သွင်းလိုက်တာလို့ သိရတယ်၊ ဒဏ်ရာ စိုးရိမ်စရာမရှိပါဘူး၊ ဗုံးကွဲပြီးတော့ စစ်တပ်နဲ့ရဲရောက်လာတယ်၊ ဗုံးသံက တစ်မြို့လုံးလိုလို အကျယ်ကြီးကြားရတယ်၊ ဆရာမျိုးဝင်းအိမ်ဘေး ပေါက်ကွဲတုန်းကလည်း အခုလို အသံအကျယ်ကြီးကြားရတာပဲ” ဟု နီးစပ်သူတစ်ဦးက ဆိုသည်။

ရေးမြို့နယ်၊ ကျိုက်ဒေတမော့ဗြတ် ကိုရင်လေးဆရာတော် လက်ရှိဖွင့်လှစ်ထားသော အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုဆေးခန်းတွင် ကြီးကြပ်ရေးကော်မတီဝင်အဖြစ် ဦးအောင်နိုင်ဝင်းက နေ့စဉ် ပရဟိတလုပ်ငန်းများ ဆောင်ရွက်နေသူတစ်ဦးဖြစ်ပြီး မီဒီယာသမားများနှင့် အသိအကျွမ်းများသည့် ရေးတော်ဝင်သတင်းလွှာ၏ အယ်ဒီတာချုပ်လည်းဖြစ်သည့်အပြင် ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလအမတ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူလည်းဖြစ်သည်။

အလားတူ နေအိမ်မှ တိမ်းရှောင်နေဆဲဖြစ်သည့် ရေးမြို့နယ် NLD အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမျိုးဝင်း နေအိမ်အနီး မေလ ၉ ရက်နေ့ နံနက်စောစောပိုင်းက ဗုံးတစ်လုံးပေါက်ကွဲခဲ့ရာ လူအထိအခိုက်မရှိသော်လည်း အနီးရှိနေအိမ်တစ်ချို့ ပြတင်းမှန်များကွဲအက်ခဲ့ကြောင်း သတင်းဖော်ပြပြီးဖြစ်သည်။

ကျိုက်မရောမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ရေကြီးနစ်မြုပ်နေစဉ်။ / Crd
September 10, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်အတွင်း ရေကြီးနစ်မြုပ်နေသည်မှာ သုံးပတ်နီးပါး ကြာမြင့်လာပြီး...
September 10, 2026
မွန်ပြည်၊ မုဒုံမြို့နယ်၊ ကမာဝက်-အဘစ်လမ်းမကြီးတစ်လျှောက် ဆိုင်ကယ်နှင့် ဖုန်း လုယက်ခံရမှုများအပြင်...
မွန်ပြည်အတွင်း ရောင်းချနေသည့် ထိုင်းကုန်ပစ္စည်းအချို့ / Crd
September 9, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်တွင် တရားမဝင် ထိုင်းကုန်ပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ်...
မောတောင်မြို့အဝင် ဆိုင်းဘုတ် / Crd
September 9, 2026
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မောတောင်မြို့နှင့် မောတောင်–ထုံခါး လမ်းပိုင်းတစ်လျှောက်တွင်...