ကြာအင်းဆိပ်ကြီးမြို့နယ် ပညာရေးဝန်ထမ်း ၂၀၀ ကျော် တာဝန်မှ ယာယီရပ်ဆိုင်းခံရ

ကြာအင်းဆိပ်ကြီးမြို့နယ် ပညာရေးဝန်ထမ်း ၂၀၀ ကျော် တာဝန်မှ ယာယီရပ်ဆိုင်းခံရ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ပညာရေးဌာနမှ ဝန်ထမ်း ၂ဝဝ ကျော်အား ခွင့်စည်းကမ်းနှင့် တာဝန်ချိန်ပျက်ကွက်မှုကြောင့် ဝန်ထမ်းနည်းဥပဒေအရ ၎င်းတို့ကို တာဝန်မှ ယာယီရပ်ဆိုင်းလိုက်ကြောင်း ပြည်နယ်ညွှန်ကြားရေးမှူးလက်မှတ်ဖြင့် မေလ ၁၁ ရက်နေ့က အသိပေးထုတ်ပြန်လိုက်ကြောင်း သိရသည်။

အခြေခံပညာကျောင်းများမှ သင်ကြားစီမံဝန်ထမ်း ၂၀၂ ဦးကို နိုင်ငံဝန်ထမ်းနည်းဥပဒေ ၁၇၀ (က) အရ တာဝန်မှ ယာယီရပ်ဆိုင်းလိုက်ခြင်းဖြစ်ပြီး တာဝန်ရပ်ဆိုင်းခံရသူများအနေဖြင့် ပညာရေးဌာနသို့ သွားရောက်ဖြေရှင်းချက်ပေးရမည်ဟု အမည်မဖော်လိုသည့် ကျောင်းဆရာတစ်ဦးက မေလ ၁၃ ရက်နေ့ ကေအိုင်စီသို့ပြောသည်။

“တာဝန်ပျက်ကွက်လို့ ရပ်ဆိုင်းခိုင်းလိုက်တယ်လို့ပြောတာပဲ။ CDM ဝင်ထားပြီးကတည်းက လစာလည်းမယူတော့ဘူး။ ရုံးလည်းမသွား၊  လက်မှတ်လည်း မထိုးတော့ဘူးလေ။ ဒီလိုဖြစ်လာမယ်ဆိုတာ ကြိုတွေးထားပြီးသားပါ။ နောက်ပြန်ဆုတ်ဖို့ မရှိတော့ဘူး။ လူထုအာဏာ လူထုလက်ထဲပြန်ရောက်ဖို့ မြေဖြူကိုင်တဲ့လက်တွေနဲ့ ရှေ့ဆက်တော်လှန်သွားမယ်” ဟု တာဝန်မှရပ်ဆိုင်းခံရသူ ကျောင်းဆရာ စောထိခလိတ်က ကေအိုင်စီသို့ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် CDM ဝင်ထားသည့် ပညာရေးဝန်ထမ်း ၅ဝဝ ကျော်ရှိပြီး အခက်အခဲအမျိုးမျိုးကြောင့် အချို့မှာ ပြန်လည်ပြီး တာဝန်ထမ်းဆောင်ကြသူများရှိသလို ဖမ်း၀ရမ်းထုတ်ခံရခြင်းနှင့် ထွက်ပြေးတိမ်းရှောင်နေရသူများလည်းရှိကြောင်း CDM ဝင်သူများ ကူညီစောင့်ရှောက်ရေးအဖွဲ့ထံမှ သိရသည်။

Photo : SHRF
May 20, 2026
ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) ထိန်းချုပ်သည့် ရှမ်း-တရုတ်နယ်စပ်၊...
May 19, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၆)၊ ဒူးပလာယာခရိုင်အတွင်း ကွမ်းသီးခြောက် ဝယ်လိုအားနှင့်...
May 18, 2026
စစ်အုပ်စုသတ်မှတ်ထားသည့် စက်သုံးဆီရောင်းချမှုစနစ်နှင့် မှောင်ခိုလောင်စာဆီဈေးကွက်တွင် ဆီဈေး နှစ်ဆ...
May 16, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်စစ်အုပ်စုက အုပ်ချုပ်ရေးမှူးများမှတဆင့်‌...