လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆန့်ကျင်ပြီး စစ်အုပ်စုကို ဖိအားပေးရန် ကုလကျွမ်းကျင်သူများက စီးပွားရေးလုပ်ငန်းများကို တိုက်တွန်း

လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆန့်ကျင်ပြီး စစ်အုပ်စုကို ဖိအားပေးရန် ကုလကျွမ်းကျင်သူများက စီးပွားရေးလုပ်ငန်းများကို တိုက်တွန်း

မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်း ကုမ္ပဏီအဖွဲ့အစည်းများအနေဖြင့် လူ့အခွင့်အရေးဆိုင်ရာ တာ၀န်၀တ္တရားများကို ထိန်းသိမ်းလိုက်နာရမည်ဖြစ်ပြီး ကြီးလေးသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ရပ်ဆိုင်းစေရန်အတွက် အာဏာသိမ်းစစ်အုပ်စုအပေါ် ဖိအားများပေးရမည်ဖြစ်ကြောင်း ကုလကျွမ်းကျင်သူအဖွဲ့တစ်ခုက မေလ ၁၂ ရက်တွင် တိုက်တွန်းပြောဆိုခဲ့သည်။

ဖေဖေါ်၀ါရီ ၁ ရက် စစ်အာဏာသိမ်းမှုက မြန်မာနိုင်ငံတွင် လုပ်ငန်းများလုပ်ကိုင်နေသည့် စီးပွားရေးလုပ်ငန်းအဖွဲ့အစည်းများ သို့မဟုတ် စီးပွားရေးအရ ချိတ်ဆက်ပတ်သက်မှုများရှိနေသည့် လုပ်ငန်းများကို ခက်ခဲသည့်အခြေအနေတစ်ခုအောက်သို့ ရောက်ရှိစေခဲ့ကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) က ပြောသည်။

“စီးပွားရေးလုပ်ငန်းတစ်ချို့ကတော့ တရားဥပဒေစိုးမိုးရေးနဲ့ လူ့အခွင့်အရေးအပေါ် သူတို့ရဲ့ထောက်ခံမှုကို ထပ်လောင်းပြောဆိုထားခဲ့သလို အာဏာသိမ်းစစ်အုပ်စုနဲ့လည်း အဆက်အသွယ်ဖြတ်ခဲ့ပါတယ်၊ ဒါပေမယ့် လုပ်ငန်းအများအပြားကတော့ ဘာမှမဖြစ်ခဲ့သလိုမျိုးနဲ့ အာဏာသိမ်းစစ်တပ်နဲ့ စီးပွားရေး ဆက်လက်ချိတ်ဆက် ပတ်သက်လုပ်ကိုင်နေပါတယ်” ဟု ကုလကျွမ်းကျင်သူများက ပြောသည်။

လူ့အခွင့်အရေးချိုးဖောက်မှုများကို ထောက်ခံကူညီပေးခြင်းမျိုးမှ ရှောင်ရှားရန်အတွက် စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ လမ်းညွှန်စည်းမျဥ်းများနှင့်အညီ လုပ်ဆောင်ကြရန် ကုမ္ပဏီများကို ၎င်းတို့က တိုက်တွန်းခဲ့သည်။

“ရုန့်ရင်းကြမ်းတမ်းတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေရဲ့ အန္တရာယ်က မြန်မာနိုင်ငံမှာ မြင့်တက်ထားတဲ့အတွက် နိုင်ငံတွေဘက်က အရေးယူလုပ်ဆောင်ချက်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေ၊ ရင်းနှီးမြှုပ်နှံသူတွေဘက်က လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးစိစစ်ဆောင်ရွက်မှုတွေကို မြန်မြန်ဆန်ဆန်နဲ့ သင့်တော်သလို အရှိန်မြှင့်တင်သင့်ပါတယ်” ဟု စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာလုပ်ငန်းအဖွဲ့၏ ဒု-ဥက္ကဋ္ဌ ဆာယာဒီဗာက ပြောသည်။

“လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးပြောထားခဲ့သလို လူသားတို့အပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေကို တားဆီးရပ်တန့်စေဖို့အတွက် စီးပွားရေးလုပ်ငန်းတွေအနေနဲ့ တစ်ဦးချင်းစီအရရော၊ အစုအဖွဲ့လိုက်အရပါ အာဏာသိမ်းစစ်တပ်အပေါ် အစွမ်းကုန် ဖိအားပေးလုပ်ဆောင်သင့်ပါတယ်” ဟု မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလအထူးကိုယ်စားလှယ် တွန်အန်ဒရူးစ်က ပြောခဲ့သည်။

March 19, 2026
မြန်မာနိုင်ငံကူးလက်မှတ် (ပက်စ်ပို့) လုပ်ခွင့်အပေါ် ငြင်းပယ်နိုင်သည့် အချက်များပါဝင်သည့်...
March 18, 2026
အတုအယောင်အဖြစ် ဝေဖန်ခံထားရသည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲအပြီး ယနေ့ (မတ် ၁၈) တွင် ကျင်းပသည့်...
ရုရှားနိုင်ငံထုတ် စစ်ကော်မရှင်၏တိုက်လေယာဉ်အသစ်များကို အာဏာသိမ်းပြီးကာလမှာ တွေ့ရစဉ်(ပုံအဟောင်း-AFP)
March 17, 2026
ဓာတု — မန္တလေးတိုင်း၊ မြင်းခြံခရိုင်ရှိ မြင်းခြံနှင့်နွားထိုးကြီးမြို့နယ်တို့တွင် နှစ်လတာအတွင်း...
ဓာတ်ပုံ - ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်အဖွဲ့ဝင် သုံးဖွဲ့မှ တပ်သားများကို အတူတကွ တွေ့ရစဥ် ။
March 16, 2026
မောင်ခက်နွေ — ညီနောင်မဟာမိတ် အဖွဲ့ဝင်များ ဖြစ်သည့် MNDAA နှင့် TNLA တို့အကြား ဖြစ်ပွားနေသည့်...