ဖမ်းဆီးခံ မြန်မာသတင်းထောက်တွေ လူသားချင်းစာနာထောက်ထားမှုရဖို့ ထိုင်းအာဏာပိုင်တွေ ညှိနှိုင်းနေ

ဖမ်းဆီးခံ မြန်မာသတင်းထောက်တွေ လူသားချင်းစာနာထောက်ထားမှုရဖို့ ထိုင်းအာဏာပိုင်တွေ ညှိနှိုင်းနေ

ထိုင်းနိုင်ငံမှာ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတဲ့ မြန်မာသတင်းထောက်တွေနဲ့ပါတ်သက်လို့ လူသားချင်းစာနာထောက်ထားမူ အဖြေရနိုင်ဖို့ ထိုင်းက သက်ဆိုင်ရာအာဏာပိုင်တွေ ညှိနှိုင်းဆောင်ရွက်နေတဲ့အကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ထနီးဆန်ဂရက်က သူ့ရဲ့တွစ်တာမှာ ရေးသားထားပါတယ်။

DVB သတင်းထောက်သုံးဦးနဲ့ သူတို့ရဲ့မိတ်ဆွေနှစ်ဦးဟာ ထိုင်းနိုင်ငံရဲ့ ကိုဗစ်စည်းကမ်းကိုဖောက်ဖျက်မှု၊ တရားမဝင် နယ်စပ်ဖြတ်ကျော်လာမှုတွေနဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြီးခဲ့တဲ့ မေလ ၉ ရက်နေ့က ထိုင်းအာဏာပိုင်တွေရဲ့ ဖမ်းဆီးထိန်းသိမ်းမှုကို ခံလိုက်ရတာပါ။

ဒီအပေါ်မှာ မြန်မာသတင်းထောက်တွေ လူသားချင်းစာနာထောက်ထားမှု အဖြေရနိုင်ဖို့ ထိုင်းက သက်ဆိုင်ရာအာဏာပိုင်တွေ ညှိနှိုင်းဆောင်ရွက်နေတဲ့အကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ထနီးဆန်ဂရက်က သူ့ရဲ့တွစ်တာမှာ ရေးသားထားတာဖြစ်ပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်မှာအဖမ်းခံထားရတဲ့ DVB သတင်းထောက်သုံးဦးနဲ့ သူတို့ရဲ့မိတ်ဆွေနှစ်ဦးကို ထိုင်းအစိုးရက ပြန်လွှတ်ပေးပြီးတော့ ယာယီအကာကွယ်ပေးဖို့ FCCT လို့ခေါ်တဲ့ ထိုင်းအခြေစိုက် နိုင်ငံတကာသတင်းထောက်များကလပ်က ဒီကနေ့ မေလ ၁၁ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။

ဖမ်းဆီးခံထားရသူ ငါးယောက်လုံးကို မြန်မာနိုင်ငံကို ပြန်ပို့မယ်ဆိုရင် တရားစွဲဆိုမှု၊ ဖမ်းဆီးချုပ်နှောင်မှု တွေကြုံရနိုင်တာကြောင့် မြန်မာနိုင်ငံကို ဘယ်လိုနည်းနဲ့မှ ပြန်မပို့သင့်ဘူးလို့ FCCT အသင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

August 6, 2026
မလေးရှားအစိုးရသည် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန် စီစဉ်နေသည့် ဒုက္ခသည် ၅,၀၀၀ ခန့်အနက် အသက်...
August 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်ရှိ ပန်ဆောင်မြို့နှင့်...
August 3, 2026
ချင်းပြည်၊ ဟားခါးမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အုပ်စု တပ်ဖွဲ့ဝင်များ၏...
August 3, 2026
ငဝန်မြစ်ရေကာတာ တာဘောင်ကျိုးကျမှုကြောင့် တစ်မြို့နယ်လုံးနီးပါး ရေကြီးရေလျှံမှု ဖြစ်ပွားနေသည့်...