ပြည်တွင်းရွှေဈေး ၁၆ သိန်းကျော်အထိ စံချိန်တင်မြင့်တက်

ပြည်တွင်းရွှေဈေး ၁၆ သိန်းကျော်အထိ စံချိန်တင်မြင့်တက်

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာမသိမ်းခင်က မြန်မာ့ရွှေစျေး ၁၃ သိန်း ၅ သောင်းဝန်းကျင်ရှိခဲ့ရာမှ လက်ရှိ ပြည်တွင်းရွှေဈေးနှုန်း စံချိန်တင်မြင့်တက်ခဲ့ရာ မော်လမြိုင်မြို့တွင် ယနေ့ရွှေစျေးနှုန်း ၁၆ သိန်းကျော်အထိ စျေးမြင့်တက်လာကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။

ရွှေရောင်းဝယ်သူတစ်ဦးမှ “ရွှေဈေးက အချိန်နဲ့အမျှကို ပြောင်းလဲနေတယ်၊ ဒီနေ့ရွှေဈေးဆိုရင်လည်း တစ်ခါမှမကြုံဖူးသေးတဲ့ဈေးပေါ့နော်၊ လူတွေက ဘဏ်တွေကို မယုံကြည်တာရယ် ငွေကြေးကို စိုးရိမ်တာတွေကြောင့် ရွှေက အတက်ဘက်ကို သိသိသာသာကြီးသွားနေတယ်၊ ရွှေဈေးက ၁၆ သိန်း ၁ သောင်းအထိ ဈေးရှိပေမယ့် အရောင်းအဝယ် မရှိသလောက်ပါ” ဟုပြောသည်။

ထို့အပြင် ဘဏ်ဖြင့်ချိတ်ဆက်၍ အရောင်းအဝယ်ပြုလုပ်ရန် မလွယ်ကူသောကြောင့် ရွှေဆိုင်အများစုသည် လက်ငင်းငွေချေစနစ်ဖြင့်သာ အရောင်းအဝယ်ပြုလုပ်ရကြောင်း ရွှေရောင်းဝယ်သူက ဆက်ပြောသည်။

“ဘဏ်တွေပြိုလဲတော့မှာလားဆိုတဲ့ ကောလာဟလသတင်းတွေကလည်း ကျမတို့လူထုအကြားမှာ စိုးရိမ်မှုတွေရှိနေတယ်၊ စုထားတဲ့ရွှေတွေကိုလည်း မရောင်းချင်၊ လက်ထဲမှာလည်း ငွေက ဖော်ဖော်သီသီမရှိကြ အလုပ်တွေ ကောင်းကောင်းမလည်ပတ်သေးပေမယ့် ကုန်ဈေးနှုန်းတွေကတော့ တက်နေတာပဲ” ဟု မော်လမြိုင်မြို့မှ အိမ်ရှင်မတစ်ဦးက ဆိုသည်။

လက်ရှိတွင် Mobile Banking ကောင်းမွန်စွာအသုံးမပြုနိုင်ခြင်း၊ ငွေလွှဲ/ငွေထုတ် ပုံမှန်မဖြစ်သေးခြင်း၊ ငွေထုတ်ယူသူဦးရေနှင့် ငွေသားအရေအတွက် ကန့်သတ်ထားခြင်း အစရှိသည်တို့ကြောင့် ဘဏ်များအပေါ် ပြည်သူအများ ယုံကြည်မှုကျဆင်းလာကာ ငွေသားစက္ကူဖြင့်သာ အရောင်းအဝယ် ပိုမိုပြုလုပ်လာကြသည်ကို တွေ့ရှိရသည်။

ပြည်တွင်းဈေးကွက်အတွင်း နိုင်ငံခြားငွေလဲလှယ်မှုနှုန်းထားတွင် ၁ ယူရို ၁၈၈၁ ကျပ်၊ အမေရိကန် ၁ ဒေါ်လာ ၁၅၅၇ ကျပ်၊ ထိုင်း ၁ ဘတ် ၅၀ ကျပ်၊ တရုတ် ၁ ယွမ် ၂၄၃ ကျပ်၊ ဂျပန် ၁ ယန်း ၁၄.၃၂ ကျပ်ဖြစ်ပြီး ကမ္ဘာ့ရွှေဈေး တစ်အောင်စလျှင် ဒေါ်လာ ၁၈၄၀ ဝန်းကျင်အထိ ဈေးနှုန်းပေါက်နေသည်။

ကျိုက်မရောမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ရေကြီးနစ်မြုပ်နေစဉ်။ / Crd
September 10, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်အတွင်း ရေကြီးနစ်မြုပ်နေသည်မှာ သုံးပတ်နီးပါး ကြာမြင့်လာပြီး...
September 10, 2026
မွန်ပြည်၊ မုဒုံမြို့နယ်၊ ကမာဝက်-အဘစ်လမ်းမကြီးတစ်လျှောက် ဆိုင်ကယ်နှင့် ဖုန်း လုယက်ခံရမှုများအပြင်...
မွန်ပြည်အတွင်း ရောင်းချနေသည့် ထိုင်းကုန်ပစ္စည်းအချို့ / Crd
September 9, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်တွင် တရားမဝင် ထိုင်းကုန်ပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ်...
မောတောင်မြို့အဝင် ဆိုင်းဘုတ် / Crd
September 9, 2026
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မောတောင်မြို့နှင့် မောတောင်–ထုံခါး လမ်းပိုင်းတစ်လျှောက်တွင်...